ကိုဗစ်ရောဂါပိုးကို ပထမဆုံးကူးစက်ခံရတဲ့ ဘယ်လ်ဂျီယံ တိရစ္ဆာန်ရုံတစ်ရုံက ရေမြင်းနှစ်ကောင်

//s9.kh1.co/68/68d124cc6cdbf1d39e7b0b5c8c8cc6bc91095447.jpg
နေ့စဉ်သတင်းများ

 ၀၆-ဒီ-၂၀၂၁ ၉am · လွန်ခဲ့သော ၂ နှစ် က

.

ဘယ်လ်ဂျီယံနိုင်ငံ၊ Antwerp က တိရစ္ဆာန်ရုံမှာ ရေမြင်း နှစ်ကောင်ဟာ ပထမဆုံး ကိုဗစ်ရောဂါပိုးကူးစက်ခံရတာကို စစ်ဆေးတွေ့ရှိခဲ့တယ်လို့ သိရပါတယ်။ Imani နှင့် Hermien ဟုအမည်ပေးထားတဲ့ ရေမြင်း နှစ်ကောင်ဟာ နှာရည်ယိုခြင်းမှလွဲ၍ ရောဂါလက္ခဏာမပြကြောင်း တိရစ္ဆာန်ရုံမှသတင်းထုတ်ပြန်ခဲ့ပါတယ်။ တိရစ္ဆာန်များဟာ ဗိုင်းရပ်စ်နှင့် မည်သို့ထိတွေ့ခဲ့သည်ကို မသိရသေးကြောင်း - ၎င်းတို့ကိုပြုစုစောင့်ရှောက်သူ ဝန်ထမ်းများလည်း ကိုဗစ် ရောဂါလက္ခဏာများ မပြဘဲ ရောဂါပိုးရှိကြောင်း စစ်ဆေးတွေ့ရှိခဲ့တယ်လို့ ထုတ်ပြန်ချက်တွင် ဖော်ပြထားပါတယ်။

Photo Credit - CNN
Photo Credit - CNN

အသက် (၁၄) နှစ်အရွယ် Imani နှင့် (၄၁) နှစ်ရှိ Hermien တို့ဟာ လောလောဆယ် သီးခြားထားရှိထားပြီး လာရောက်လည်ပတ်သူများကို ထုတ်ဖော်ပြသခြင်း မရှိဘူးလို့ သိရပါတယ်။ "ကျွန်တော်သိသလောက်ပြောရရင်၊ ဒါက ဒီမျိုးစိတ်တွေမှာ ပထမဆုံးရောဂါကူးစက်ခံရတာပါ။ တစ်ကမ္ဘာလုံးမှာ ဒီဗိုင်းရပ်စ်ကို ကူးစက်ခံရတာက အများအားဖြင့် လူဝံကြီးတွေနဲ့ ကြောင်လေးတွေမှာ တွေ့ရတယ်လို့ " တိရစ္ဆာန်ရုံရဲ့ ကိုရိုနာဗိုင်းရပ်စမ်းသပ်မှုကို ကြီးကြပ်တဲ့ တိရစ္ဆာန်ဆေးဆရာ Francis Vercammen က ပြောကြားခဲ့ပါတယ်။

Photo Credit - CNN
Photo Credit - CNN

တိရစ္ဆာန်ရုံရှိ တိရစ္ဆာန်များနှင့် အိမ်မွေးတိရစ္ဆာန်များမှာ ကိုဗစ်ရောဂါ ကူးစက်မှုများရှိလာခဲ့ပြီး အဓိကဖြင့် ကြောင်များ၊ မျောက်ဝံများ၊ ဖားများနှင့် minks များအပါအဝင် ကမ္ဘာတစ်ဝှမ်းတွင် ကူးစက်မှုရှိကြောင်း အမေရိကန်ရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်ရေးဗဟိုဌာနမှ သိရပါတယ်။ ပြီးခဲ့တဲ့ လကတော့ နီဘရာစကာရှိ တိရစ္ဆာန်ရုံရှိ နှင်းကျားသစ်သုံးကောင်လည်း ဗိုင်းရပ်စ်ပိုးကြောင့် သေဆုံးခဲ့ရပါတယ်။ တိရစ္ဆာန်မှလူသို့ကူးစက်နိုင်ခြေနည်းပါးသော်လည်း၊ လူများကနေတစ်ဆင့် အိမ်မွေးတိရစ္ဆာန်များသို့ ကိုဗစ်ရောဂါ ကူးစက်နိုင်သည်ဟု CDC တာဝန်ရှိသူများကသတိပေးထားခဲ့ပါတယ်။

သတင်း အရင်းအမြစ်Source - CNN

Thant Zin Aung
Thant Zin

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T