အင်ဒိုနီးရှားနိုင်ငံ အရှေ့ပိုင်း Java တွင် Semeru မီးတောင် ပေါက်ကွဲမှု ဖြစ်ပွားခဲ့ပါတယ်။ အဆိုပါ မီးတောင်ပေါက်ကွဲမှုကြောင့် သေဆုံးသူ အနည်းဆုံး (၁၃) ဦးလောက်ရှိလာခဲ့ပြီး လူ(၅၀) နီးပါးလောက် မီးလောင်ဒဏ်ရာများ ရရှိခဲ့ကြောင်း တာဝန်ရှိသူများက သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။ Indonesian Civil Protection (BMKG)ရဲ့ အဆိုအရ အဆိုပါ မီးတောင် ပေါက်ကွဲမှုဟာ စနေနေ့ ဒေသစံတော်ချိန် ၁၅:၂၀ နာရီ ဖြစ်ပွားခဲ့ကြောင်း သိရပါတယ်။



အဆိုပါ မီးတောင်ပေါက်ကွဲမှု နေရာဟာ နေထိုင်မှု လူဦးရေသိပ်သည်းမှုတို့ကြောင့် တိရိစ္ဆာန်များနဲ့ လူသေဆုံးသူဦးရေ တိုးလာနိုင်ကြောင်း တာဝန်ရှိသူတွေက ခန့်မှန်းထားခဲ့ပါတယ်။ မီးတောင်ဆင်ခြေလျောတောင်စောင်းမှာ နေထိုင်ကြတဲ့ ကျေးရွာသားများအား ဘေးလွတ်ရာ ရွှေ့ပြောင်းရန် ရွက်ဖျင်တဲများ တပ်ဆင်ထားသော်လည်း အဆိုပါဒေသတွင် ပြာများထူထပ်နေသောကြောင့် ရှာဖွေရေးနှင့် ကယ်ဆယ်ရေးလုပ်ငန်းများ ခက်ခဲလျက်ရှိနေတယ်လို့ သိရပါတယ်။



ယင်း သဘာဝဘေးအန္တရာယ်ကြောင့် ခရိုင်အတွင်းရှိ လူနေအိမ်ခြေအများအပြားလည်း ပျက်စီးမှု ဖြစ်ပေါ်ခဲ့ကြောင်း နှင့် ချော်ရည်ပူများကြောင့် ကယ်ဆယ်ရေးသမားများအတွက် ပိတ်မိနေသည့် မိုင်းတွင်းလုပ်သား (၈) ဦးအား ကယ်ဆယ်ရာမှာလည်း အဟန့်အတား ဖြစ်စေခဲ့ကြောင်း ၊ အဆိုပါမိုင်းတွင်းလုပ်သားများသာ မိုဘိုင်းလ်ဖုန်းဖြင့် တာဝန်ရှိသူများအား ကူညီပေးရန် တောင်းဆိုခဲ့တယ်လို့ ဆိုပါတယ်။
သတင်း အရင်းအမြစ်៖ Source - The Watchmen's Earth and Space Connection