စိုးရိမ်ရတဲ့ COVID-19 မျိုးကွဲသစ် Omicron ရဲ့ ထူးခြားချက်များ

//s9.kh1.co/e6/e67c0943ba9490a340290056ad6a27cede6488f0.jpeg
နေ့စဉ်သတင်းများ

 ၀၄-ဒီ-၂၀၂၁ ၁၀am · လွန်ခဲ့သော ၂ နှစ် က

တခြားမျိုးစိတ်နဲ့မတူဘဲ ကူးစက်နှုန်းမြန်လွန်း ….

နိုဝင်ဘာ ၂၆ ရက်နေ့က ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ရဲ့ ထုတ်ပြန်ချက်အရ တောင်အာဖရိကမှာတွေ့ခဲ့တဲ့ ကိုဗစ်၁၉ ရဲ့ မျိုးကွဲအသစ်ကို  အိုမီခရွန်း (Omicron) လို့ အမည်ပေးထားတာ ဖြစ်ပါတယ်။ နိုဝင်ဘာလ ၂၄ ရက်ကစပြီးတောင်အာဖရိကနိုင်ငံမှာ စတင်တွေ့ရှိခဲ့ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းမှာပဲ သြစတေးလျ၊ အင်္ဂလန်၊ ဂျာမဏီ၊ အီတလီ၊ဘယ်လ်ဂျီယံ၊ ဟောင်ကောင်၊ အစ္စရေး  ဘော့ဆွာနာနိုင်ငံတွေအထိ ကူးစက်ပြန့်နှံ့ပြီးဖြစ်ပါတယ်။

Photo Credit: Google 
Photo Credit: Google 

မြန်မာနိုင်ငံကိုတော့ ရောက်ရှိတာမျိုး မရှိသေးပေမယ့် လက်ရှိမှာ တွေ့ရှိထားတဲ့ နိုင်ငံတွေက မြန်မာနိုင်ငံနဲ့ကူးလူးဆက်ဆံမှု အတော်လေး နည်းတာကြောင့် ရောက်ရှိလာနိုင်ခြေ နည်းတယ်ဆိုပေမယ့် သတိလက်လွတ်တော့မနေသင့်ပါဘူး။

Photo Credit: Google 
Photo Credit: Google 

COVID-19 မျိုးကွဲသစ် Omicron ရဲ့ ထူးခြားချက်တွေကတော့ တခြားမျိုးစိတ်နဲ့မတူဘဲ ကူးစက်နှုန်းမြန်လွန်းပါတယ်၊ ကိုဗစ်ကူးစက်ခဲ့ရဖူးတွေလည်း ပြန်လည်ကူးစက်နိုင်ခြေရှိပါတယ်။ ကိုဗစ်ကာကွယ်ဆေးတွေကလည်း ထိရောက်မှုနှုန်း သိပ်မရှိပါဘူး။ ကလေးငယ်လေးတွေနဲ့ အသက် ၃၀အောက် လူငယ်လေးတွေမှာ ပိုမိုကူးစက်နိုင်ပါတယ်။ ရောဂါလက္ခဏာကတော့ အရမ်းကြီး မပြင်းထန်ပါဘူး။ ဒါပေမယ့် လက်ရှိမှာ ခပ်ပေါပေါ့နေတာမျိုးတွေ မလုပ်ဖို့ လိုသလို Maskတပ်တာ၊ လက်ဆေးတာ၊ လူစုလူဝေးရှောင်ကြဉ်တာလိုမျိုး ကိုဗစ် ကာကွယ်ရေး နည်းလမ်းတွေကိုတော့ ဆက်လက် လိုက်နာတာ သင့်ပါတယ်။ 

Photo Credit: Google 
Photo Credit: Google 

အမေရိကန် ကျန်းမာရေးဌာနတာဝန်ရှိသူတွေကလည်း Omicron ဟာ သတိကြီးကြီးထားရမယ့် ခြိမ်းခြောက်မှုအသစ်ဆိုတာကိုလည်း ဝန်ခံခဲ့ပါတယ်။ ကိုရိုနာဗိုင်းရပ် မျိုးကွဲသစ်တွေကို WHO က အရင်က Alpha, Beta, Gamma, Delta ဆိုပြီး ဂရိ နာမည်ပေးထားရာ စတဲ့ အမျိုးအစားတွေက နိုင်ငံတကာမှာ ပြန့်နှံ့ခဲ့ပြီးသားဖြစ်ပြီး အခုOmicron မျိုးကွဲသစ်ဟာ ၅ ခုမြောက်ဖြစ်ပါတယ်။

Photo Credit: Google 
Photo Credit: Google 
Cherry Nwe Oo
Cherry

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T