ကိုရီးယားဗားရှင်း Money Heist မှာ ပါဝင်လာမဲ့ Squid Game မင်းသား

//s9.kh1.co/3c/3ccd87f21f8e880c917972b6ede2e1d7fc1994cd.png
ဖျော်ဖြေရေးများ

 ၀၃-ဒီ-၂၀၂၁ ၃pm · လွန်ခဲ့သော ၂ နှစ် က

.

ဒီနှစ်အစောပိုင်းတုန်းက နာမည်ကြီး Netflix ဇာတ်လမ်းတွဲ Money Heist ကို ကိုရီးယားဗားရှင်းနဲ့ မြင်ရမယ်လို့ သတင်းထွက်ခဲ့ပါတယ် အဲ့သတင်းနဲ့အတူ ဇာတ်လမ်းတွဲရဲ့ သရုပ်ဆောင်တွေကိုလည်း တခါတည်း ထုတ်ပြခဲ့ပါတယ် ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁ ရက်နေ့မှာတော့ Money Heist ဟာ မင်းသား Park Hae Soo နဲ့ Teaser တစ်ခုကို ချပြခဲ့ပါတယ် Park Hae Soo ကတော့ Squid Game မှာ ပါဝင်သရုပ်ဆောင်ခဲ့တဲ့ မင်းသားဖြစ်ပြီး ခုတလော အရမ်းနာမည်ကြီးနေတဲ့ မင်းသားတစ်လက်ဖြစ်ပါတယ်

Park Hae-Soo In Squid Game
Park Hae-Soo In Squid Game

 Video ကို “ဆိုးလ်မြို့နှင့် ကမ္ဘာတဝှမ်းမှ ပရိတ်သတ်များဆီသို့ Park Hae-Soo မှာ ပြောစရာတစ်ခုရှိပါတယ် Money Heist ဇာတ်လမ်းတွဲရဲ့ ကိုရီးယားဗားရှင်းကို ၂၀၂၂ ခုနှစ်မှာ Netflix မှာ ကြည့်ရတော့မှာပါ” လို့အဓိပ္ပါယ်ရတဲ့ စာသားနဲ့အတူ ကျောဖက်ကို အရင်ပြထားပြီး တဖြည်းဖြည်းအရှေ့ကိုလှည့်လာပြီး လက်ထဲမှာ money heist မျက်နှာဖုံးကို ကိုင်ထားတဲ့ Park Hae-Soo ရဲ့ Video ကိုပါ တင်ထားတာပါ 

screenshot from Twitter
screenshot from Twitter

ပြီးတော့သူက “မင်္လာပါ Netflix ပရိတ်သတ်များ ကျွန်တော်ကတော့ ကိုရီးယားဗားရှင်း Money Heist မှာ ဘာလင်အဖြစ် သရုပ်ဆောင်မဲ့ Park Hae-Soo ပါ ဒီ မျက်နှာဖုံးကို ပို့ပေးခဲ့တဲ့ Pedro Alonso ကို ကျေးဇူးတင်ပါတယ် ကိုရီးယားဗားရှင်းထဲမှာလည်း ဒီမျက်နှာဖုံးလောက်ကို မိုက်တဲ့ မျက်နှာဖုံးတစ်ခုကို ကျွန်တော်တို့ ဝတ်သွားမှာပါ နောက်နှစ် အဲ့ဒီမျက်နှာဖုံးပေါ်လာတဲ့အချိန်ကျမှ Pedro ဆီကို လက်ဆောင်တစ်ခု ပြန်ပို့လိုက်ပါ့မယ် ကျွန်တော်ဟာ ဒီလို ထူးခြားလှတဲ့ Money Heist စီးရီးမှာ ပါဝင်ရတဲ့အပြင် အရမ်းမိုက်တဲ့ ဇာတ်ကောင် ဘာလင်နေရာမှာ သရုပ်ဆောင်ရတဲ့အတွက် အရမ်းကို ဂုဏ်ယူမိပါတယ်”လို့ ပြောခဲ့ပါတယ်

Park Hae-Soo In Money Heist(Korean Version)
Park Hae-Soo In Money Heist(Korean Version)

ထပ်ပြီးတော့ “ဒါကျွန်တော်တစ်ယောက်တည်း ခံစားရတာမဟုတ်ပဲ ကိုရီးယားဗားရှင်းထဲက သရုပ်ဆောင်တွေအကုန် ခံစားရတာပါ Money Heist လိုမျိုး စီးရီးတစ်ခုကို ဖန်တီးခဲ့တဲ့ ထုတ်လုပ်သူတွေနဲ့ သရုပ်ဆောင်တွေကိုလည်း စိတ်ရင်းနဲ့ ကျေးဇူးတင်မိပါတယ် နောက်နှစ်ဆို ဒီစီးရီးရဲ့ ကိုရီးယားဗားရှင်းကို မြင်ရတော့မှာပါ အားလုံးကို အဲ့ဒီ့စီးရီး ချပြနိုင်မဲ့နေ့ကိုလည်း စောင့်ဆိုင်းနေပါတယ် လွန်ခဲ့တဲ့ ၅ နှစ်လုံးလုံး မူရင်း Money Heist ဇာတ်လမ်းကို အားပေးခဲ့ကြသလိုပဲ ကိုရိးယားဗားရှင်းထွက်လာရင်လည်း အားပေးကြမယ်လို့ မျှော်လင့်နေပါတယ် ကောင်းသောညဖြစ်ပါစေ” လို့ ပြောသွားခဲ့ပါတယ်

ဒီနှစ်အစောပိုင်း Squid Game မစခင်ကတည်းက ဒီဗားရှင်းရဲ့ သရုပ်ဆောင်တွေကို ကြေညာခဲ့ပေမဲ့ သိပ်အာရုံစိုက်ခံရခြင်း မရှိခဲ့ပါဘူး Squid Game အောင်မြင်ပြီး မင်းသား နာမည်အရမ်းကြီးလာတဲ့ အချိန်ကျမှ ဒီစီးရီးကို လူတွေ အာရုံစိုက်လာကြတာ ဖြစ်ပါတယ်

Aung Pyae Sone
Aung Pyae

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T