တူရကီနိုင်ငံမှာ တစ်နာရီလျှင် (၁၃၀) ကီလိုမီတာနှုန်းဖြင့် လေပြင်းမုန်တိုင်း ဝင်ရောက်တိုက်ခတ်ခဲ့တဲ့ ထိတ်လန့်စရာ ရုပ်သံဖိုင်

//s9.kh1.co/9d/9d2202e85f417422c3bbc46079d9e9005a6a1b2a.jpg
နေ့စဉ်သတင်းများ

 ၀၁-ဒီ-၂၀၂၁ ၃pm · လွန်ခဲ့သော ၂ နှစ် က

.

တူရကီနိုင်ငံ အစ္စတန်ဘူလ်မြို့မှာ နိုဝင်ဘာ(၂၉) ရက်နေ့ကစတင်ပြီး အားပြင်းတဲ့ အနောက်တောင်လေမုန်တိုင်း တိုက်ခတ်မှုကြောင့် သေဆုံးသူ (၆) ဦးအထိရှိကြောင်း တူရကီအစိုးရက ထုတ်ပြန်ပြောခဲ့ပါတယ်။ အဆိုပါ လေမုန်တိုင်းဟာ တစ်နာရီလျှင် (၁၃၀)ကီလိုမီတာနှုန်းဖြင့် တိုက်ခတ်ခဲ့တာ ဖြစ်ပါတယ်။ လူ (၅၀) ဦးထက်မနည်း ဒဏ်ရာရရှိခဲ့ပြီး ယင်းအနက် (၃)ဦးမှာ စိုးရိမ်ဖွယ်အခြေအနေတွင်ရှိကြောင်း ဖော်ပြထားပါတယ်။

Photo Credit - Extreme Weather World
Photo Credit - Extreme Weather World
Photo Credit - Extreme Weather World
Photo Credit - Extreme Weather World

အစ္စတန်ဘူလ်မြို့ရဲ့ ဥရောပဘက်ခြမ်းရှိ Esenyurt ခရိုင်မှာလည်း လေဒဏ်ကြောင့် ပြိုကျသွားတဲ့ ခေါင်မိုးများအောက်မှာလည်း ပိတ်မိနေသူများရှိခဲ့ပြီး လူသေဆုံးမှုပါ ဖြစ်ပေါ်ခဲ့တယ်။ ယင်းမြို့ရှိ အချို့နေရာများမှာလည်း အားပြင်းတဲ့ လေမုန်တိုင်းကြောင့် မော်တော်ယာဉ်များ ပျက်စီးခြင်း၊ အဝေးပြေးလမ်းပေါ်တွင် သွားလာနေသော ထရပ်ကားများ တိမ်းမှောက်ခြင်းနှင့် နာရီစင်ပြိုကျခြင်းများ ဖြစ်ပေါ်ခဲ့ကြောင်း Ihlas သတင်းအေဂျင်စီက ရေးသားထားခဲ့ပါတယ်။

Photo Credit - Original Upload 
Photo Credit - Original Upload 

လေပြင်းမုန်တိုင်းကြောင့် မျောပါသွားတဲ့ ကုန်တင်သင်္ဘောတစ်စင်းလည်း ဥရောပဘက်ခြမ်း Avcilar ခရိုင်ရှိ Ambarli ဆိပ်ကမ်းမှာ ဆိပ်ခံတံတားအား ဝင်တိုက်ခဲ့သလို မော်တော်ဆိုင် ကယ်စီးနင်းသူများလည်း Bosphorus ရေလက်ကြားက တံတားများပေါ် ဖြတ်သန်းချိန်မှာ ဘေးနှစ်ဖက်ကနေ ကားကြီးများကို အကာအကွယ်ပြုပြီး ခက်ခက်ခဲခဲ သွားခဲ့တာဖြစ်ပါတယ်။

သတင်း အရင်းအမြစ်Source - Extreme Weather World

Thant Zin Aung
Thant Zin

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T