Time Travel ဇာတ်လမ်းတွေကို ကြိုက်ကြသူတွေအတွက် Netflix မှာ ရွေးချယ်စရာတွေ အများကြီးထဲကမှ တော်တော်လေးကောင်းတဲ့ ဇာတ်လမ်းတွဲတစ်ခုရှိပါတယ် Time Travel တွေ သဘာဝလွန်ဖြစ်ရပ်တွေ သမိုင်းဝင်ဖြစ်ရပ်တွေ Plot Twist တွေအများကြီးနဲ့ ကြည့်သူကို ဇာတ်လမ်းမပြီးမချင်း ဆွဲခေါ်သွားမဲ့ ဇာတ်လမ်းတွဲတစ်ခုပါ The Umbrella Academy ဆိုတဲ့ ဇာတ်လမ်းတွဲဖြစ်ပါတယ် Season နှစ်ခုထွက်ရှိထားပြီး နှစ်ခုစလုံးရဲ့ ဇာတ်လမ်းကျောရိုးက ကမ္ဘာကြီး ပျက်စီးတာကို ကာကွယ်ဖို့ ကြိုးစားကြပေမဲ့ သူတို့ပဲ ပျက်စီးအောင် လုပ်မိနေကြတဲ့ မောင်နှမတစ်အုပ်စုရဲ့ ဇာတ်လမ်းဖြစ်ပါတယ်

1989 ခုနှစ် အောက်တိုဘာလမှာ ကိုယ်ဝန်မရှိတဲ့ မိန်းမပျို 47 ယောက်က ရုတ်တရက် ချက်ချင်းကြီး ကလေးတွေမွေးကြပါတော့တယ် အဲ့လို မွေးလာတဲ့ ကလေးတွေထဲက 7 ယောက်ကို သူဌေးကြီး Reginald Hargreeves က ခေါ်ယူမွေးစားခဲ့ပါတယ် အဲ့ဒီကလေးတွေက သာမန်ကလေးတွေ မဟုတ်ပါဘူး ကိုယ်ပိုင်အစွမ်းကိုယ်စီ ရှိကြပါတယ် ကလေးတွေကို ငယ်ငယ်လေးကတည်းက သူတို့အစွမ်းတွေ တိုးတက်လာအောင် လေ့ကျင့်ပေးခဲ့ပြီး မြို့ရဲ့ ဒုစရိုက်မူတွေကို ကာကွယ်တဲ့ နေရာမှာ အသုံးပြုခဲ့ပါတယ် The Umbrella Academy လို့လည်း နာမည်ပေးခဲ့ပါတယ် အငယ်ဆုံးကောင်မလေးကတော့ ငယ်ငယ်တုန်းက ဘာအစွမ်းမှ မရှိသလိုပါပဲ

ဒါပေမဲ့ သူတို့ကို လေ့ကျင့်ပေးခဲ့တဲ့ ပုံစံက တော်တော်လေးကြမ်းတာကြောင့် အကုန်လုံးက သူတို့အဖေကို မုန်းနေကြတာပါ 7 ယောက်တည်းက ကောင်လေးတစ်ယောက်က ငယ်ငယ်လေးကတည်းက သေဆုံးသွားခဲ့ပေမဲ့ ကလေးတွေထဲက တစ်ယောက်က သေပြီးသားလူတွေနဲ့ ဆက်သွယ်နိုင်တဲ့ အစွမ်းရှိတာကြောင့် သူနဲ့တဆင့်အားလုံးနဲ့ အဆက်အသွယ်ရှိနေဆဲပါ 5 ယောက်မြောက်ဖြစ်ပြီး Number 5 လို့အမည်ရတဲ့ ကောင်လေးက အချိန်ခရီးသွားနိုင်တဲ့ အစွမ်းရှိပြီး တနေ့မှာ တစ်ယောက်တည်း အနာဂတ်ကို ခုန်ကူးမိသွားပါတယ် အဲ့အနာဂတ်မှာ ကမ္ဘာကြီးပျက်စီးနေပြီး သူ့ရဲ့ မောင်နှမတွေလည်း သေဆုံးနေတာကို တွေ့လိုက်ရပြီး သူဟာ လက်ရှိအချိန်ကို ပြန်သွားလို့မရပဲ အနာဂတ်မှာ ပိတ်မိနေပါတယ်

ဒီလိုနဲ့ လက်ရှိအချိန်မှာ သူတို့ရဲ့ အဖေဖြစ်သူ သူဌေးကြီးက သေဆုံးသွားပြီးနောက် ကျန်နေခဲ့တဲ့ 5 ယောက် သူတို့အိမ်မှာ ပြန်စုဝေးနေချိန်မှာ Number 5 တစ်ယောက် ပြန်ရောက်လာပါတော့တယ် သူကကလေးအရွယ်တုန်းက ထွက်သွားတာမလို့ ပြန်ရောက်လာတော့လည်း ကလေးအရွယ်မှာပဲ ရှိပါသေးတယ် ကမ္ဘာပျက်သွားတဲ့ အနာဂတ်ကနေ ဘာကြောင့် ဒီလိုဖြစ်ရတာလဲဆိုတဲ့ သက်သေတွေ စုဆောင်းလာတဲ့ Number 5 ဟာ ပြန်ရောက်ရောက်ချင်းပဲ သဲလွန်စတစ်ခုချင်းစီကို လိုက်ရှာပါတော့တယ် အဲ့လိုလိုက်ရှာရာမှာလည်း သူ့ကို ကူညီတဲ့လူရှိသလို ကိုယ့်ပြဿနာနဲ့ကိုယ် တိုင်ပတ်နေသူတွေလည်း ရှိပါတယ် အဲ့အပြင် သူတို့ကို တားဆီးမဲ့ အချိန်ကို စောင့်ရှောက်သူဆိုတဲ့ အဖွဲ့တစ်ခုကလည်း ရှိပါသေးတယ် အဲ့လိုသဲလွန်စတွေ လိုက်ရှာပြီး ကမ္ဘာပျက်မှာကို တားဆီးခဲ့ကြပေမဲ့ နောက်ဆုံးမှာ သူတို့ကိုယ်တိုင်ကပဲ အကြောင်းရင်းဖြစ်နေတာကို သိပြီးနောက်မှာတော့ အရမ်းနောက်ကျသွားခဲ့ပြီး ကမ္ဘာကြီးလည်း ပျက်စီးသွားပါတော့တယ်

ဒါက Season 1 ပါ ကမ္ဘာမပျက်ခင် လက်မတင်လေးမှာပဲ Number 5 ဟာ သူတို့အားလုံးနဲ့ အတူ ကြုံတဲ့နေရာကို အချိန်ခုန်ကူးလိုက်ပါတယ် နေရာတစ်ခုတည်းကိုပဲ အားလုံးရောက်ကြပေမဲ့ ရောက်တဲ့အချိန်တွေကတော့ တစ်ယောက်နဲ့ တစ်ယောက် မတူကြပါဘူး ဒီလိုနဲ့ နောက်ကမ္ဘာတစ်ခုမှာလည်း ပျက်ကိန်းတစ်ခုနဲ့ ကြုံနေရတာကြောင့် သူတို့တွေ ထပ်ကာကွယ်ဖို့ လုပ်ကြပြန်ပါတယ် ဒီတစ်ခုမှာတော့ အချိန်ကိုစောင့်ရှောက်တဲ့ အဖွဲ့အစည်းထဲကနေ သူတို့လိုပဲ မွေးဖွားလာတဲ့ တခြားသူတွေနဲ့ပါ ရင်ဆိုင်ရပါတော့တယ် သူတို့နဲ့ တစ်ရက်တည်း မွေးခဲ့တဲ့လူတွေက 47 ယောက်တောင်ရှိတာမလို့ ရှေ့လျှောက် Season တွေမှာလည်း ကျန်သေးတဲ့လူတွေကို တွေ့ရမှာ သေချာပါတယ်

အမေရိကန် စာရေးဆရာ အဆိုတော်တစ်ဦးဖြစ်တဲ့ Gerard Way ရဲ့ The Umbrella Academy ဆိုတဲ့ ရုပ်ပြစာအုပ်ပေါ် အခြေခံထားတဲ့ ဇာတ်လမ်းတွဲ တစ်ခုဖြစ်ပါတယ် Season 2 ခု ထွက်ရှိထားပြီး 2022 ခုနှစ်မှာ နောက်ထပ် Season တစ်ခု ထွက်လာတော့မှာပါ ရိုက်ကူးရေးတွေ အကုန်ပြီးစီးနေပြီ ဖြစ်ပါတယ် ဒီကားထဲက အငယ်ဆုံး ကောင်မလေးနေရာမှာ သရုပ်ဆောင်တဲ့ မင်းသမီးဟာ အခုဆို Elliot Page ဆိုတဲ့ အမည်နဲ့ အမျိုးသားတစ်ဦးအဖြစ် လိင်ပြောင်းထားပါတယ် ဒါပေမဲ့ နဂိုကတည်းက ဇာတ်ကောင်ဟာ Bi ဇာတ်ကောင်ဖြစ်တာကြောင့် ဇာတ်ကောင်ရဲ့ Gender ကိုတော့ ပြောင်းလဲပစ်မှာ မဟုတ်ဘူးလို့ သိရပါတယ် Netflix ပရိတ်သတ်တွေကြားမှာတော့ လွန်ခဲ့တဲ့ ၃ နှစ်လောက်ကတည်းက အောင်မြင်ထားပြီးသား ဇာတ်ကားတစ်ကားဖြစ်ပြီး Rating ကောင်းကောင်း Review ကောင်းကောင်းတွေ ရရှိထားတာကြောင့် အချိန်ခရီးသွားဇာတ်လမ်းကြိုက်သူတွေ သဘောကျမဲ့ ဇာတ်ကားကောင်း တစ်ကားဖြစ်ပါတယ်