အိုမီခရွန် ကိုရိုနာ မျိုးကွဲ ဗိုင်းရပ်စ်ပိုးအသစ် စတင်တွေ့ရှိခဲ့ပြီဖြစ်တဲ့ တောင်ကိုရီးယားနိုင်ငံ

//s9.kh1.co/9a/9a0df2af6775523d13844be730cb568be113b583.jpg
နေ့စဉ်သတင်းများ

 ၀၁-ဒီ-၂၀၂၁ ၁၁am · လွန်ခဲ့သော ၂ နှစ် က

အိုမီခရွန် ကိုရိုနာ မျိုးကွဲ ဗိုင်းရပ်စ်ပိုးအသစ် စတင်တွေ့ရှိခဲ့ပြီဖြစ်တဲ့ တောင်ကိုရီးယားနိုင်ငံ

တောင်ကိုရီးယားနိုင်ငံမှာ ကိုရိုနာ မျိုးကွဲ ဗိုင်းရပ်စ်ပိုးအသစ်ဖြစ်တဲ့ အိုမီခရွန်ဗိုင်းရပ်စ်ပိုးဟာ ဒီကနေ့မှာ အင်ချွန်းမှာနေထိုင်တဲ့ အသက် ၄၀ နှစ်အရွယ် လင်မယားနှစ်ယောက်ဆီကို ကူးစက်ပျံ့နှံ့သွားခဲ့ပြီလို့ သိရပါတယ်။ အရင်နေ့တွေမှာလည်း တောင်ကိုရီးယားနိုင်ငံမှာ ကာကွယ်ဆေး နှစ်ကြိမ်ထိုးပြီးသားတွေ ကိုဗစ်ရောဂါပိုး ထပ်မံကူးစက်ခံနေရတာပါ။ ဒီကနေ့တောင်ကိုရီးယားနိုင်ငံမှာ ရောဂါပိုးကူးစက်ထားတဲ့သူ အရေအတွက်ကလည်း ၅၁၂၃ ယောက်ထိရှိနေပါပြီ။

Google
Google

အိုမီခရွန် ပိုးသစ်ကိုတော့ ဒီနေ့မှ ပထမဦးဆုံးအကြိမ်တွေ့ရှိတာလို့ သိရပါတယ်။ တောင်ကိုရီးယားကျန်းမာရေးဌာနကတော့ အိုမီခရွန်မျိုးကွဲဗီဇ ပိုးအသစ်ထပ်မံကူးစက်ခံရတဲ့ လင်မယားနှစ်ယောက်ဟာ အာဖရိကကိုခရီးထွက်ပြီး တောင်ကိုရီးယားကို ပြန်ဝင်လာကြတဲ့သူတွေဖြစ်တယ်လို့ အတည်ပြုပေးထားပါတယ်။

Google
Google

ဒီသတင်းနဲ့ပတ်သတ်ပြီး တောင်ကိုရီးယားနိုင်ငံသားတွေအနေနဲ့လည်း အရမ်းကို စိုးရိမ်ထိတ်လန့်နေကြပါတယ်။ တောင်ကိုရီးယား အစိုးရကတော့ အရေးပေါ်အစီအစဉ်ကို ကြိုတင်ပြိုဆင်ကြဖို့ အလျင်အမြန် လုပ်ဆောင်နေပါပြီ။

Google
Google

အိုမီခရွန် ကိုရိုနာဗီဇပြောင်း ပိုးအသစ်ဟာ ဗီဇပြောင်းလဲသွားမှု အခုပေါင်း ၅၀ အထိ ပြောင်းလဲလာတဲ့ပိုးဖြစ်ပြီး မူလပိုးနှင့် လုံးဝကွဲထွက်သွားတာကြောင့် မူလပိုးအတွက် ထုတ်ထားတဲ့ ကာကွယ်ဆေးတွေ တိုးနိုင်ပါ့မလားဆိုတဲ့ မေးခွန်းအတွက် ပညာရှင်တွေ စိုးရိမ်တကြီးဖြစ်နေကြပါတယ်။

Hsu Sandar Aung
Maria Emily Hsu

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T