ကမ္ဘာပေါ်က ကြောက်စရာနေရာတချို့ဆီ ခေါ်ဆောင်ပေးသွားမဲ့ Dark Tourist

//s9.kh1.co/c0/c0bb0c38fbbc1fffab1a2dad666f4327c5b1388e.jpg
ဖျော်ဖြေရေးများ

 ၃၀-နို-၂၀၂၁ ၄pm · လွန်ခဲ့သော ၂ နှစ် က

.

နေ့စဥ်ဘဝမှာ လုပ်ငန်းတာဝန်တွေ မအားလပ်တာတွေကြောင့် ကျွန်တော်တို့တွေဟာ ခရီးသွားခြင်းကို စိတ်ဝင်စားကြပေမဲ့ ခရီးတစ်ခုသွားဖို့ဆိုတာ မလွယ်ကူလှပါဘူး အဲ့လိုမအားလပ်တာတွေကြောင့် ကမ္ဘာပေါ်က နေရာတွေကို သွားလည်ချင်ကြတဲ့အခါ အင်တာနက်ပေါ်ကနေပဲ Explore လုပ်ရပါတော့တယ် အဲ့လိုလုပ်ရပြီဆိုတာနဲ့ Travel Blogger တွေရဲ့ အခန်းက အဓိကနေရာက ပါဝင်လာပါပြီ ကိုယ်သွားချင်ပေမဲ့ ရောက်ဖို့ခက်တဲ့ ကမ်းခြေတွေ ပွဲတော်တွေ နေရာ‌တွေအကြောင်းကို သိချင်ကြတဲ့အခါ Blogger တွေကို အားကိုးရပါတော့တယ် အဲ့လိုထဲကမှ တော်တော်များများဟာ လှပတဲ့ နေရာတွေ စားကောင်းတဲ့ အစားအသောက်တွေအကြောင်းကိုသာ အပြများကြပေမဲ့ အခုတင်ဆက်ပေးမှာကတော့ ကမ္ဘာပေါ်က ကြောက်စရာကောင်းတဲ့ အဖြစ်အပျက်တွေ သေခြင်းတရားတွေ ရှိခဲ့တဲ့ နေရာတွေကို သွားလေ့လာနိုင်မဲ့ Documentary series တစ်ခုဖြစ်ပါတယ် 

photo from Dark Tourist
photo from Dark Tourist

Netflix ကထုတ်လွှင့်ထားတဲ့ Dark Tourist ဆိုတဲ့ series ပါ Documentary အမျိုးအစား ဇာတ်လမ်းဖြစ်ပါတယ် New Zeland နိုင်ငံသား သတင်းဆရာ သရုပ်ဆောင်ဖြစ်တဲ့ David Farrier ကို အဓိကသရုပ်ဆောင်အဖြစ်နဲ့ မြင်တွေ့ရမှာပါ သူဟာ အပန်းဖြေခရီးထွက်ကြသူတွေ ပုံမှန် ရွေးချယ်လေ့မရှိတဲ့ ကြောက်စရာကောင်းတဲ့ နေရာတွေ ပွဲတော်တွေကို သွားရောက်လည်ပတ်ပြထားပါတယ် ဥပမာ အနေနဲ့ နျူကလီးယား စွမ်းအင်တွေ အများကြီး ယိုနေတဲ့ နေရာတွေ ဟိုးခေတ်တွေက လူတွေအများကြီးကို သတ်ဖြတ်ခဲ့တဲ့ သတ်ကွင်းတွေ အန္တရာယ်တွေနဲ့ ပြည့်နေတဲ့ နေရာတွေကို ရွေးချယ်သွားခဲ့ပါတယ်

photo from Dark Tourist
photo from Dark Tourist

လက်ရှိ အပိုင်း 8 ပိုင်းထွက်ရှိထားပြီး 8 ပိုင်းစလုံးမှာ ကမ္ဘာပေါ်က မတူညီတဲ့ နေရာအသီးသီးကို သွားပြခဲ့ပါတယ် သွားခဲ့တဲ့ နေရာတိုင်းဟာ နာမည်ကြီး ကြောက်စရာကောင်းတဲ့ နေရာတွေကြီးပဲဖြစ်ပြီး အပိုင်း 6 အ‌ရှေ့တောင်အာရှကို သွားခဲ့တဲ့ အပိုင်းမှာဆို နေပြည်တော်ကိုပါ ရောက်ခဲ့ပါသေးတယ် အပိုင်းတစ်ခုချင်းစီမှာ မတူညီတဲ့ ရိုးရာတွေ မတူညီတဲ့ အန္တရာယ်တွေနဲ့အတူ တကယ့်အမှန်တွေဖြစ်တဲ့ ခြောက်ခြားစရာဖြစ်ရပ်တွေကို တွေ့ရမှာပါ 

photo from Dark Tourist
photo from Dark Tourist

 ပုံမှန် ခရီးသွား Blog တွေ လူကြိုက်များတဲ့နေရာတွေကိုပဲ တောက်လျှောက် ကြည့်နေရတာ ပျင်းနေကြမဲ့ လူတွေအတွက်ရော ကိုယ်တိုင်ကိုက ဒီလို သည်းထိတ်ရင်ဖို ဇာတ်လမ်းတွေကို ကြိုက်တဲ့သူတွေအတွက်ရော တော်တော်လေးကောင်းတဲ့ Series တစ်ခုဖြစ်စေမှာပါ အဲ့အပြင် Dcoumentary စီးရီးဖြစ်တာကြောင့်လည်း ဖြစ်ရပ်မှန်တွေပဲ ပါမှာမလို့ ကမ္ဘာအရပ်ရပ်က ကြောက်စရာဖြစ်ရပ်တွေကို အပိုင်း 8 ပိုင်းလုံး မရိုးရအောင် ရှူစားကြရမှာပါ

Aung Pyae Sone
Aung Pyae

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T