စုံတွဲအများစုဟာ သူတို့ရဲ့ Special နေ့လေးအတွက် သေသေချာချာ အစီအစဉ်ဆွဲခဲ့ကြပေမယ့် Pandemic ကာလကြောင့် စိတ်မကောင်းစွာပဲ သူတို့အစီအစဉ်တွေကို ဖျက်သိမ်းလိုက်ကြရပါတယ်။ အချို့စုံတွဲတွေကတော့ သူတို့ရဲ့မူလအစီအစဉ်များကို ဆက်လက်လုပ်ဆောင်ချင်တာကြောင့် လက်ထပ်မယ့်နေ့ကို အကြိမ်ပေါင်းများစွာ တခြားရက်တွေဆိကို ပြောင်းေရွှ့ကြတာကိုလည်း တွေ့ရှိခဲ့ကြရပါတယ်။ တချို့ကျတော့ ခန်းမကြေးတွေဘာတွေပေးထားမို့ နောက်ရွှေ့ခဲ့ကြရပါတယ်။


ဒီလိုမျိုး မင်္ဂလာဆောင်မယ့်နေ့ကို နောက်ေရွှ့ခဲ့ကြတဲ့ အတွဲတစ်တွဲရှိခဲ့ပါတယ်။ သူတို့ဟာ နှစ်ကြိမ်တိုင်တိုင် မင်္ဂလာဆောင်မယ့်နေ့ကို ပြောင်းရွှေခဲ့ကြရပြီး နောက်ဆုံး ၃ကြိမ်မြောက်ထိ ကြိုးစားခဲ့ကာ မင်္ဂလာဆောင်နိုင်ဖို့ ပြုလုပ်ခဲ့ကြပါတယ်။ ဒါပေမယ့်လည်း မင်္ဂလာဆောင်မယ့်နေ့မှာ သတိုးသားက အစာအဆိပ်သင့်ပြီး ဆေးရုံတက်လိုက်ရပါတယ်။

ခုလိုမျိုးဖြစ်ရပ်ကြောင့် ဒီမင်္ဂလာဆောင်ပွဲတစ်ခုလုံးကိုဖျက်သိမ်းမယ့်အစား တခြားတစ်ခုကို စီစဉ်ခဲ့ကြပါတယ်။ သူတို့ပြောင်းလဲလိုက်တဲ့အစီအစဉ်ဟာလည်း သာမာန်မင်္ဂလာဆောင်ထက် ပိုမိုထူးခြားသွားခဲ့ပါတယ်။ အဲ့တာကတော့ သတိုးသမီးဟာ ဘီးပါတဲ့ထောက်တံတစ်ခု အပေါ် သတိုးသား၀တ်စုံ၀တ်ပြီး iPad တစ်ခုကိုကပ်ခဲ့ပါတယ်။ iPad မှာတော့ သတိုးသားရဲ့ဓာတ်ပုံနဲ့ဖြစ်ပါတယ်။ သတိုးသမီးဟာ ဒီလိုနဲ့ပဲ လက်ထပ်ပွဲတစ်ခုလုံး ပြုလုပ်သွားတာဖြစ်ပါတယ်။ သူမအကြံကလည်း တစ်နည်းတစ်ဖုံနဲ့တော့ အဆင်ပြေသွားခဲ့တာပါပဲ။ သတိုးသားကတော့ ဆေးရုံးကဆင်းတာနဲ့ Honeymoon တန်းထွက်ရမယ့်ကိန်းရှိပါတယ်။


သတင်း အရင်းအမြစ်៖ The Mirror





