ကလေးမီးဖွားဖို့ ကိုယ်တိုင် စက်ဘီးနင်းပြီး ဆေးရုံသွားခဲ့တဲ့ အာဂအမျိုးသမီး

//s9.kh1.co/e3/e36f08fcd7933ef75fefbded443ed0d064b8097d.jpg
နေ့စဉ်သတင်းများ

 ၂၈-နို-၂၀၂၁ ၄pm · လွန်ခဲ့သော ၂ နှစ် က

.

ယောကျ်ားဖောင်စီး မိန်းမ မီးနေ ဆိုတဲ့ စကားပုံအတိုင်း အမျိုးသမီးတို့အတွက် ကလေးမီးဖွားခြင်းဆိုတာ အသက်အန္တရာယ်ပါ စိုးရိမ်ရတဲ့ အခြေအနေတစ်ခုပါ။ ဒါတင်မက ကလေးမွေးဖို့ရာ ဗိုက်နာတဲ့အချိန်မှာ အလွန်နာကျင်စွာ ခံစားရတယ်ဆိုတာ မေမေတို့ပဲ သိပါတယ်။

https://s9.kh1.co/__image/w=650,h=489,q=100/6a/6a6aa00f2789401ed1e21b639a708e692d6a0d3e.jpg

တိုးတက်လာတဲ့ခေတ်ကြီးထဲမှာ အမျိုးသမီးတွေ၊ မိခင်တွေဟာလည်း အမျိုးသားတွေနဲ့ တန်းတူ အလုပ်လုပ်လာကြပြီ ဖြစ်ပါတယ်။ အဲဒီထဲမှာ နယူးဇီလန်ရဲ့ လွှတ်တော်အမတ် Julie Ann Genter လည်း တစ်ယောက် အပါအဝင်ပါ။ အသက် ၄၁ နှစ်ရှိပြီဖြစ်တဲ့ Julie ဟာ စက်ဘီးစီးရတာကို အရင်တည်းက နှစ်ခြိုက်ခဲ့တာပါ။

https://s9.kh1.co/__image/w=650,h=488,q=100/46/4636a0ffc79c88560355d2c791c9bd5c3b11ea0e.jpg

ဒီကနေ့ မနက် ၂နာရီ ၅ မိနစ် မှာ သူမ ဗိုက် စ နာပါတယ်။ သူတို့ ဘယ်လိုမှ မထင်ထားခဲ့တဲ့ အချိန်မို့ ဘာမှ မတတ်နိုင်ဘဲ တစ်ယောက်တည်း သွားဖို့ ဆုံးဖြတ်လိုက်ရတယ်လို့ သူမက ဆိုပါတယ်။

https://s9.kh1.co/__image/w=650,h=488,q=100/99/999b0e282211dc5978dd925ad6a8864c9242c8dd.jpg

ဆေးရုံရောက်ပြီး တစ်နာရီအကြာမှာပဲ သမီးလေးကို အောင်အောင်မြင်မြင် မွေးဖွားခဲ့တယ်လို့ သူမရဲ့ လူမှုကွန်ယက်စာမျက်နှာမှာ ဂုဏ်ယူစွာ ဖော်ပြခဲ့ပါတယ်။ ဝင်ရောက်ကြည့်ရှုသူအပေါင်းက အံ့သြမှင်သက်ပြီး ချီးကျူးခဲ့ကြပါတယ်။

Julie Anne Genter facebook
Julie Anne Genter facebook

ပုခက်လွှဲသောလက်များက ကမ္ဘာကို တကယ် အုပ်စိုးနိုင်ကြောင်း ပြသခဲ့တဲ့ ရဲရင့်ထက်မြက်တဲ့ အမျိုးသမီးတစ်ဦးပါပဲ။

Eaint Yadanar Min
Eaint

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T