အာဂျင်တီးနားမြစ်အတွင်း အသားစားငါးများ တိုက်ခိုက်မှုကြောင့် လူ ၃၀ ထက်မနည်း ဒဏ်ရာရရှိ

//s9.kh1.co/84/8421519c4e16bf5c3ad1d3fe6c73cda6a1dee0f4.jpg
နေ့စဉ်သတင်းများ

 ၂၆-နို-၂၀၂၁ ၁၂pm · လွန်ခဲ့သော ၄ နှစ် က

.

Santa Fe ရှိ Languna မြစ်အတွင်း ကြောက်မက်ဖွယ် အသားစားငါးများ တိုက်ခိုက်မှု အဖြစ်အပျက်အပြီးတွင် လူဒါဇင်ပေါင်းများစွာ ထိခိုက်ဒဏ်ရာရမှုများပြားခဲ့ပါတယ်။ ဒီအဖြစ်အပျက်ကြောင့် မှတ်တမ်းတင်ထားတဲ့ ရုပ်သံတွေမှာလည်း တော်တော်များများဟာ သွေးထွက်သံယိုတွေဖြစ်ခဲ့ရတယ်ဆိုတာကို တွေ့ရှိခဲ့ရပါတယ်။ လူပေါင်း ၃၀ ထက်မနည်း ဒဏ်ရာရရှိခဲ့တယ်လို သိရှိရပါတယ်။

https://s9.kh1.co/__image/w=650,h=650,q=100/a7/a725a1daae33483c0cf82e5509f071299c586b96.jpg
https://s9.kh1.co/__image/w=480,h=320,q=100/4e/4ec75ffdc71224564ddac127a2d3e1578e290b1c.jpg

အသက် ၁၃ နှစ်အရွယ် ကောင်မလေးကတော့ ခြေချောင်း‌ေတွကို အကိုက်ခံရပြီး ခြေမပြတ်ထွက်သွားတာကြောင့် အရေးပေါ်အရေပြားခွဲစိတ်ကုသမှုခံယူရန် ဆေးရုံသို့ အပြေးတက်ခဲ့ရပါတယ်။ Palometas လို့ခေါ်တဲ့ အသားစားငါးတစ်မျိုးဖြစ်တဲ့ Piranha ရဲ့မျိုးကွဲများဟာ Laguna Setubal မြစ်ကမ်းစပ်ကမ်းခြေနေရာတစ်ခုတွင် တိုက်ခိုက်ခဲ့ကြောင်း ‌တာ၀န်ရှိသူ‌ေတွက ပြောပြခဲ့ပါတယ်။ Languna Setubal ကတော့ ရေပန်းစားနေတဲ့ ကမ်းခြေတစ်ခုပဲဖြစ်ပါတယ်။

https://s9.kh1.co/__image/w=480,h=549,q=100/7f/7f4c6e35d0381e6c133e70682f3314e66033b1bb.jpg
https://s9.kh1.co/__image/w=480,h=638,q=100/39/3925d47661e9081cbc2cb89ac16cd0d40d672851.jpg

ကျွမ်းကျင်သူများက အဆိုပါတိုက်ခိုက်မှုဟာ ယခုနှစ်အတွင်း မမျှော်လင့်ဘဲ အပူချိန်မြင့်မားမှုနှင့် ရေများနိမ့်ကျမှုကြောင့်လို့ ပြောပြခဲ့ပါတယ် ယခုအချိန်မှာတော့ လူများကို 'တစ်ပြိုင်နက် တိုက်ခိုက်ခြင်း' ဖြင့် သတိပေးထားသောကြောင့် ရေထဲသို့ဝင်ရောက်ခြင်းမပြုရန် တားမြစ်ထားပါတယ်။ 2013 ခုနှစ် ခရစ္စမတ်နေ့တုန်းလည်း ဒီမြစ်မှာပဲ Piranha ငါးများ တိုက်ခိုက်မှုကြောင့် လူ 60 ဒဏ်ရာရရှိခဲ့ဖူးပါတယ်။

https://s9.kh1.co/__image/w=650,h=722,q=100/33/33568b43bc57021f61c865fd3ef53f6326693a16.jpg
https://s9.kh1.co/__image/w=610,h=385,q=100/32/32b7c6b3f633cb74ddab2ead4e220b6a3242f949.jpg

သတင်း အရင်းအမြစ် Metro

Tun Lin Aung
Aung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T