နေပြည်တော်ရှိ ရန်အောင်ချမ်းသာဘုရားကြီးတွင် ပျားများစွဲနေတဲ့ ထူးခြားဖြစ်စဉ်

//s9.kh1.co/bb/bb8e9cda6144befb51d87799952e1454c168df08.jpg
နေ့စဉ်သတင်းများ

 ၂၆-နို-၂၀၂၁ ၁၀am · လွန်ခဲ့သော ၄ နှစ် က

နေပြည်တော် ၊ လယ်ဝေးမြို့တွင် တည်ရှိသော ရန်အောင်ချမ်းသာဘုရားကြီးတွင်..... (အပြည့်အစုံဖတ်ရန် ပုံ ကိုနှိပ်ပါ)

ထုထည်ကြီးမား၍ ကြည်ညိုဘွယ်အတိဖြစ်သော ရန်အောင်ချမ်းသာ ဘုရားကြီးအား လယ်ဝေးမြို့နယ် သပြေပင်ကျေးရွာအုပ်စု မြို့ပတ်လမ်း ရန်ကင်းတောင် ခြေအနီးတွင် သာသနာတော်နှစ် (၂၅၅၉) ခု၊ ကောဇာသက္ကရာဇ် (၁၃၇၇) ခုနှစ်၊ နတ်တော်လဆန်း (၉)ရက်၊ (၂၀၁၅) ခုနှစ် ၊ ဒီဇင်ဘာလ (၂၁) ရက်နေ့တွင် ဉာဏ်တော် အတောင်ကိုးဆယ်ပေ (၁၃၅) ရှိ ထိုင်တော်မူ ဗုဒ္ဓရုပ်ပွားတော်ကြီးအား ငွေကျပ်သိန်းပေါင်း (၃၄၀၀၀)ကျော် အကုန်အကျခံ တည်ထားကိုးကွယ်ခဲ့ကြောင်း သိရပါတယ်။

Photo Credit From Original Uploader
Photo Credit From Original Uploader

ထို့ပြင် သုံးဆယ့်တစ်ဘုံသား လူ နတ် ဗြဟ္မာ သတ္တဝါ အားလုံးကြည်ညိုသဒ္ဓါပွား ပူဇော်နိုင်ရန်အတွက် ရန်အောင်ချမ်းသာဘုရားကြီး၏ အရှေ့ဘက်မုခ်တွင် ရှမ်းလက်ရာမုခ်ဦး၊ ကျားရုပ်၊ ဉာဏ်တော်(၂၄)ပေရှိ အရံစေတီ(၂၃)ဆူ၊ အနောက်ဘက်တွင် မွန်လက်ရာမုခ်ဦး၊ မနုဿီဟရုပ်၊ ဉာဏ်တော်(၂၄)ပေရှိ အရံစေ တီ (၂၃) ဆူ၊ တောင်ဘက်တွင် ရခိုင်ကိုယ်စားပြု ရခိုင်မုခ်ဦး၊ ဘီလူးရုပ်၊ အရံဘုရားပုထိုးတော် (၂၂)ဆူ၊ မြောက်ဘက်တွင် မြန်မာကိုယ်စားပြု မြန်မာလက်ရာမုခ်၊ ဉာဏ်တော် (၂၄) ပေရှိ အရံစေတီ(၂၂)ဆူ၊ ထို့ပြင် တိုင်းရင်းသားလူမျိုးများရဲ့ ချစ်ခင်ရင်းနှီးမှုအား ကိုယ်စားပြု၍ တန်ခိုးကြီးစေတီပုထိုးတို့၏ ဗိ သုကာ ပညာရပ်များအား အရပ်လေးမျက်နှာတွင် အရံစေတီ ပုထိုးပေါင်း (၉၀)ဆူတည်ထားပြီး ကြာပလ္လင်ခံ ထိုင်တော်မူဘုရား(၈)ဆူနှင့် မြတ်စွာဘုရားရဲ့ ခြေ တော်ရာ တစ်စုံကိုလည်း ဆရာတော်ကြီး၏ လမ်းညွန်ဆုံးမမှုဖြင့် တည်ထားကြောင်းလည်း သိရပါတယ်။

Photo Credit From Original Uploader
Photo Credit From Original Uploader

နေပြည်တော် လယ်ဝေးမြို့ရှိ ရန်အောင်ချမ်းသာဘုရားကြီးမှာ ယခုလတ်တလောကာလ၌ ပျားများလာရောက်စွဲထားတယ်လို့ သိရပါတယ်။ ယခင်က (၅) အုံခန့်သာရှိသော်လည်း လက်ရှိမှာတော့ စုစုပေါင်း (၂၀) ကျော် လာရောက်အုံစွဲထားတာကို မြင်တွေ့ရတာဖြစ်ပါတယ်။ ယခင်က ပျားအုံ အနည်းငယ်သာ လာရောက် စွဲခဲ့ပေမယ်လည်း အခုချိန်မှာတော့ အများအပြား လာရောက်စွဲနေတာကို ထူးဆန်း အံ့သြစွာတွေ့မြင်နေရတာပဲ ဖြစ်ပြီး အတိတ်နိမိတ်ကောက်သူများကလည်း နိုင်ငံရေးနဲ့ ပတ်သက်ပြီး ထူးခြားမှု ရှိနိုင်တယ်လို့ ထင်ကြေးပေးနေကြပါတယ်။

Photo Credit From Original Uploader
Photo Credit From Original Uploader
Photo Credit From Original Uploader
Photo Credit From Original Uploader
Photo Credit From Original Uploader
Photo Credit From Original Uploader
Photo Credit From Original Uploader
Photo Credit From Original Uploader
Photo Credit From Original Uploader
Photo Credit From Original Uploader
Photo Credit From Original Uploader
Photo Credit From Original Uploader
Thandar Aung
Thandar Aung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T