ဆူးလေရှိ မြို့တော်ခန်းမရှေ့တွင် အတားအဆီးအကာအရံများချထားကာ စည်ပင်လုပ်ငန်းအချို့ဆောင်ရွက်

//s9.kh1.co/ec/ecb4f5b74b29e6ec45c1277da98d605d198cb1e4.jpg
နေ့စဉ်သတင်းများ

 ၂၄-နို-၂၀၂၁ ၁၂am · လွန်ခဲ့သော ၄ နှစ် က

ရန်ကုန်မြို့၊ ဆူးလေရှိ မြို့တော်ခန်းမရှေ့ ၊ မဟာဗန္ဓုလလမ်းမပေါ်တွင်.... (အပြည်အစုံဖတ်ရန် ပုံ ကိုနှိပ်ပါ)

ယမန်နေ့ နိုဝင်ဘာ(၂၃)ရက်နေ့က ရန်ကုန်မြို့ မြို့တော်ခန်းမရှေ့ မဟာဗန္ဓုလလမ်းပေါ်မှာ အတားအဆီးအကာအရံများပြုလုပ်ထားကြောင်း တွေ့ရှိခဲ့ရပါတယ်။ထိုအတားအဆီး အကာအရံများနှင့်ပတ်သက်၍ လတ်တလောဖြစ်ပွားနေခဲ့သည့် ပစ်ခတ်မှုများကြောင့် လုံခြုံရေးအတွက်ပြုလုပ်ထားတယ်လို့ ပြည်သူများ အနေနဲ့မှတ်ချက်ပေးဝေဖန်နေခဲ့ကြတာဖြစ်ပါတယ်။

Photo Credit From Original Uploader
Photo Credit From Original Uploader

သို့ပေမယ့် ထိုသို့ တွေ့ရှိရတဲ့ အတားအဆီး၊အကာအရံများသည့် လုံခြုံရေးကြောင့်မဟုတ်ဘဲ စည်ပင်လုပ်ငန်းများ ဆောင်ရွက်နေခြင်းကြောင့်ဖြစ်ကြောင်း သိရှိခဲ့ရပါတယ်.ဆူးလေဘုရားအနီး၊ မြို့တော်ခန်းမရှေ့ အများပြည်သူ သွားလာရာနေရာမှာ လူတစ်ရပ်ကျော်အနေအထားရှိတဲ့ အတားအဆီး များ ကာရံထားကာ စည်ပင်၊အင်ဂျင်နီယာ (လမ်း/တံတား)ဌာနက စက်ယန္တယားအချို့နှင့်အတူ ရေစုကန်လုပ်ငန်းများဆောင်ရွက်နေသည်ကို တွေ့ရှိခဲ့ရပါတယ်။

Photo Credit From Original Uploader
Photo Credit From Original Uploader

ဖေဖော်ဝါရီလဆန်းပိုင်းမှစတင်၍  မြို့တော်ခန်းမရှေ့ ကို ပိတ်ဆို့ကာရံထားခဲ့ပြီး (၉)လ ကျော်အကြာ နိုဝင်ဘာ (၃) ရက်နေ့မှသာ မဟာဗန္ဓုလလမ်းပေါ်ရှိ မြို့တော်ခန်းမရှေ့တွင်ကာရံထားခဲ့တဲ့ အတားအဆီးများကိုဖယ်ရှားခဲ့ပြီး ကားနှစ်စီးစာ ဖြတ်သန်းသွားလာနိုင်မည့် အကျယ်အဝန်းကိုသာ ပြန်လည်ဖွင့်လှစ်ပေးခဲ့ခြင်း ဖြစ်ပါတယ်။ မြို့တော်ခန်းမအနီးရှိ ကားမှတ်တိုင်နေရာအချို့မှာတော့ အကာအရံအတားအဆီးများကို ဆက်လက်ထားရှိကြောင်း၊ မဟာဗန္ဓုလပန်းခြုံရှေ့ရှိ ယခင်ကားရပ်နားရာနေရာတွင် စစ်ကောင်စီပိုင် ကားအချို့ရပ်နားထားကာ လက်နက်ကိုင် စစ်ကောင်စီ တပ်သားများ အစောင့်ချထားမှုကိုလည်းတွေ့ရှိရပါတယ်။

Photo Credit From Original Uploader
Photo Credit From Original Uploader
Photo Credit From Original Uploader
Photo Credit From Original Uploader
Thandar Aung
Thandar Aung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T