အပူလွန်ကဲရာကနေ ရုတ်တရက် မီးလောင်ကျွမ်းမှု ထပ်မံဖြစ်ပွားခဲ့တဲ့ အမှတ်(၃)လမ်းမကြီးပေါ်က YBS ယာဥ်တစ်စီး

//s9.kh1.co/1b/1bf2faa6c3f94afcbfea66a610c62258820f110a.jpg
နေ့စဉ်သတင်းများ

 ၂၃-နို-၂၀၂၁ ၂pm · လွန်ခဲ့သော ၂ နှစ် က

.

ရန်ကုန်တိုင်းအတွင်းက မြို့နယ်တချို့တွေမှာ ယခုတလော မြို့တွင်းပြေးဆွဲနေတဲ့ YBS ယာဥ်တချို့ရဲ့ မတော်တဆ မီးလောင်မှုတွေဟာ မကြာခဏဆိုသလိုဖြစ်ပွားလာတာ တွေ့ရပါတယ်။ ဒီကနေ့ နိုဝင်ဘာ (၂၃) ရက်မှာလည်း အများပြည်သူများ အသုံးပြုနေတဲ့ YBS ယာဥ်တစ်စီး မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်ဌာနက ထုတ်ပြန်လာတာ တွေ့ရပါတယ်။

Photo Credit - MFSD / Htin Lin Aung
Photo Credit - MFSD / Htin Lin Aung
Photo Credit - MFSD / Htin Lin Aung
Photo Credit - MFSD / Htin Lin Aung

ဒီတစ်ခါဖြစ်ပွားခဲ့တာဟာ မင်္ဂလာဒုံမြို့နယ်၊ အမှတ်(၃)လမ်းမကြီး၊ ပတ္တမြားမှတ်တိုင်အနီးမှာ အပူလွန်ကဲရာကနေ မီးလောင်မှုဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။ ပြင်းထန်တဲ့ မီးလောင်ကျွမ်းမှုကြောင့် YBS တစ်စီးလုံး ပျက်စီးသွားခဲ့တာ တွေ့ရပါတယ်။ ယာဥ်လိုက်ပါစီးနင်းတဲ့ ခရီးသည်များကတော့ ကံကောင်းထောက်မစွာ ထိခိုက်ဒဏ်ရာရရှိခြင်း မရှိခဲ့ဘူးလို့ ပုလဲအရန်မီးသတ်တပ်ဖွဲ့ထံမှ ကြားသိရပါတယ်။

Photo Credit - MFSD / Htin Lin Aung
Photo Credit - MFSD / Htin Lin Aung
Photo Credit - MFSD / Htin Lin Aung
Photo Credit - MFSD / Htin Lin Aung
Photo Credit - MFSD / Htin Lin Aung
Photo Credit - MFSD / Htin Lin Aung

အဆိုပါမီးလောင်မှုဖြစ်စဥ်ကို မင်္ဂလာဒုံမြို့နယ်မီးသတ်စခန်းမှ မီးသတ်ယာဉ်(၂)စီး၊ ပုလဲအရန်မီးသတ်စခန်းမှ မီးသတ်ယာဉ်(၂)စီး၊ ရေသယ်ယာဉ်(၁)စီးတို့ဖြင့် ထွက်ခွာငြှိမ်းသတ်ခဲ့တယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းကလည်း ဂိတ်အတွင်းမှာ ရပ်နားထားတဲ့ အမှတ် (၄) YBS တစ်စီးလည်း မီးလောင်ကျွမ်းမှုဖြစ်ခဲ့ပါသေးတယ်။ ယခုတစ်ခါ မီးလောင်မှုဖြစ်စဥ်ကိုလည်း ပရိသတ်တွေ သိရှိစေဖို့ ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

Photo Credit - MFSD / Htin Lin Aung
Photo Credit - MFSD / Htin Lin Aung
Photo Credit - MFSD / Htin Lin Aung
Photo Credit - MFSD / Htin Lin Aung
Photo Credit - MFSD / Htin Lin Aung
Photo Credit - MFSD / Htin Lin Aung

သတင်း အရင်းအမြစ်Source - MFSD / Htin Lin Aung

Thant Zin Aung
Thant Zin

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T