ယမန်နေ့နိုဝင်ဘာလ၂၁ရက်နေ့မနက်ပိုင်းက ဖြစ်ပျက်ခဲ့တဲ့ကျိုက်နဲ့ရေလယ်ဘုရားဖြစ်စဉ်အဖြစ်အပျက်ကြီးဟာဆိုရင်ပြည်သူတွေကြားမှာ တုန်လှုပ်ချောက်ချားဖွယ်ဖြစ်ရက်ကြီး တစ်ခုကဲ့သို့ ဖြစ်လို့နေပါတယ်။
ကျိုက်နဲဘုရားသို့ ခြေလျင်ဖြင့်သွားကြရာလမ်းက ဒေသအခေါ်"နတ်လမ်း"လို့ခေါ်ဝေါ်ကြပေမယ့်ဘူမိဗေဒသဘောအရတော့ အန္တရာယ်များလွန်းလှတဲ့ သဲခုံစွယ်တစ်ခုပါ။

ဘုရားဖူးများဟာ သဲခုံစွယ်ဒေသအခေါ်အဝေါ်နတ်လမ်းလို့ခေါ်တဲ့ လျှောက်လမ်းကိုဖြတ်ပြီးမှ ကျိုက်နဲဘုရားဆီသို့ရောက်မှာဖြစ်ပါတယ်။ယမန်နေ့ဖြစ်စဉ်မှာလည်း ရေမကျသေးခင်လမ်းမပေါ်သေးခင်သဲခုံစွယ်လျှောက်လမ်းကို အရဲစွန့်ပြီးဖြတ်သန်းခဲ့ရာမှ လှိုင်းအုပ်ပြီး လူပေါင်းများစွာ ရေနစ်သေဆုံးမှုများဖြစ်ခဲ့ပါတယ်။ဒီဖြစ်စဉ်နဲ့ပတ်သတ်ပြီး မျက်မြင်ကိုယ်တွေ့ကြုံတွေ့ခဲ့ရတဲ့ပြည်သူတစ်ဦးမှ အခုလို အတွေ့အကြုံလေးကို ဝေမျှလာခဲ့ပါတယ်။

"ဒီနေ့ဖြစ်သွားတာက ခင်တို့နဲ့ရှေ့ဆင့်နောက်ဆင့်ပါပဲ။ခင်တို့ကလမ်းမပေါ်တော့တစ်ဝက်နဲ့ပြန်လှည့်ခဲ့တာ။တစ်ချိူ့တွေကအဆုံးထိသွားကြတယ်။ဘာလို့သူတို့ကအဆုံးထိသွားကြလည်းဆိုတစ်နှစ်မှတစ်ခါကြုံတောင့်ကြုံခဲဖူးရတဲ့ဘုရားမို့လမ်းပေါ်ဖို့မနက်2နာရီထဲကမအိပ်ပဲစောင့်ကြရတာ။အာ့ကြောင့်လူတွေကအဆုံးထိသွားကြတာ။ဘုရားကလဲပိတ်ထားတာ2နှစ်ရှိပြီးဆိုတော့လူတွေကသောင်းနဲ့ချီလာကြတာပေါ်တဲ့လမ်းကကျဉ်းလူတွေကများလမ်းကတစ်ဝက်ပဲပေါ်သေးတော့လူတွေကရပ်စောင့်နေတဲ့အချိန်မှာလှိူင်းအလုံးကြီးပုတ်ပြီးလူ100လောက်ရေထဲကျသွားတာပါ။အားလုံးကအပျော်သွားကြတာမဟုတ်ပါဘူး။ခဲရာခဲဆစ်ဖူးရတဲ့ဘုရားမို့သွားကြရင်အခုလိုတွေဖြစ်သွားတာပါ။တစ်ချို့တွေကဘာမှမသိပဲအထင်နဲ့မပြောစေချင်ပါဘူးကိုယ်ခြင်စာကြပါရှင့်ကိုယ့်မျက်စိရှေ့မှာဖြစ်သွားတဲ့တွက်ပိုပြီးရင်နာရပါတယ်။"
- Khin Cho Thank



မျက်စိတစ်မှိတ်အတွင်းမှာ မြန်မြန်ဆန်ဆန်နဲ့ကြုံတွေ့ခဲ့ရတဲ့အဖြစ်အပျက်ကြီးကြောင့်လူအများကလည်း သေဆုံးသွားသူတွေအတွက် စိတ်မကောင်းဖြစ်နေကြပါတယ်။ရေနစ်သေဆုံးသွားသူတွေထဲမှာ ယမန်နေ့နိုဝင်ဘာလ၂၁ရက်နေ့က ရုပ်အလောင်း၁၆လောင်း၊ ဒီကနေ့နိုဝင်ဘာလ၂၂ရက်နေ့မှာ၅လောင်း တွေ့ရှိထားတယ်လို့ သိရပါတယ်။အခြားပျောက်ဆုံးနေတဲ့ ရုပ်အလောင်းတွေကိုလည်း ဆက်လက်ရှာဖွေနေကြပါတယ်။
