ငွေသယ်ယာဉ်ပေါ်ကနေ ငွေစက္ကူအများအပြား ထွက်ကျခဲ့လို့ လမ်းပေါ်မှာ အလုအယက် ပျော်ရွှင်စွာ ကောက်ယူနေကြတဲ့ ရုပ်သံဖိုင်တစ်ခု

//s9.kh1.co/36/36ffb374c9f5d7364239c8d06ab3f359d5309bf1.jpg
နေ့စဉ်သတင်းများ

 ၂၁-နို-၂၀၂၁ ၂pm · လွန်ခဲ့သော ၄ နှစ် က

.

အမေရိကန်ပြည်ထောင်စု၊ ကယ်လီဖိုးနီးယားပြည်နယ်ရှိ Carlsbad အဝေးပြေးလမ်းမတစ်ခုပေါ်မှာ ပြီးခဲ့တဲ့ သောကြာနေ့ ဒေသစံတော်ချိန် နံနက် (၉)နာရီ(၁၅) မိနစ်ခန့်က ငွေစက္ကူများကို သယ်လာတဲ့ ကျည်ကာထရပ်ကားတစ်စီးကနေ ငွေစက္ကူအများအပြားထွက်ကျခဲ့တာကြောင့် လမ်းပေါ်များမှာ မောင်းနှင်သွားလာနေတဲ့ ယာဉ်မောင်းများက ကောက်ယူခဲ့ကြတယ်လို့ နိုင်ငံသတင်းများက ဖော်ပြလာခဲ့ပါတယ်။

Photo Credit - NBCNews
Photo Credit - NBCNews

ဖြစ်စဥ်မှာ ဆန်ဒီယာဂိုမြို့မှ နိုင်ငံတော်ဗဟိုအာမခံကော်ပိုရေးရှင်းရုံးခွဲတစ်ခုဆီသို့ ငွေစက္ကူများ သယ်ယူလာနေစဥ်အတွင်းမှာပဲ ယာဥ်တံခါးဟာပွင့်ထွက်ခဲ့ပြီး ငွေစက္ကူများဟာ လမ်းမပေါ်ပြန့်ကျဲသွားခဲ့တာ ဖြစ်ပါတယ်။ ဒီလို ငွေစက္ကူအများအပြားဟာ လမ်းမပေါ်တွေမှာ ပြန့်ကျဲကျနေတာကြောင့် နောက်မှာကပ်ပါလာတဲ့ ကားများက ခဏတာရပ်တန့်ခဲ့ပြီး ငွေစက္ကူများကို အလုအယက် ကောက်ယူခဲ့ကြတယ်လို့ သိရပါတယ်။

Photo Credit - NBCNews
Photo Credit - NBCNews
Photo Credit - NBCNews
Photo Credit - NBCNews

ဖော်ပြလာတဲ့ ရုပ်သံဖိုင်မှာတော့ မီးခိုးရောင် hoodie ၀တ်ထားတဲ့ အမျိုးသမီးတစ်ဦးဟာ လမ်းမပေါ်တွေမှာ ပြန့်ကျဲနေတဲ့ ငွေစက္ကူများကို ပျော်ရွှင်စွာ ကောက်ယူနေကြသလို အခြားခရီးသွားတွေလည်း အလုအယက်ကောက်ယူနေကြတာ ဖြစ်ပါတယ်။ အာဏာပိုင်တွေကတော့ ငွေစက္ကူများ ကောက်ယူသွားကြသူများကို နီးစပ်ရာ ရဲစခန်းများဆီသို့ ပြန်လာပို့ပေးကြရန် ကြေညာထားခဲ့ပေမယ့် ငွေစက္ကူတန်ဖိုး ပမာဏ ဟာ မည်မျှထွက်ကျခဲ့တယ်ဆိုတာကို ထုတ်ပြန်ကြေညာထားခြင်း မရှိဘူးလို့သိရပါတယ်။

သတင်း အရင်းအမြစ် Source - NBCNews / 107-3jamz

Thant Zin Aung
Thant Zin

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T