ဇနီးသည်ဖြစ်သူရဲ့တားမြစ်မှုကြောင့် မန်ချက်စတာယူနိုက်တက်သို့ ရွှေ့ပြောင်းဖို့ငြင်းဆန်ခဲ့တဲ့ သောမတ်စ်မူလာ

//s9.kh1.co/c7/c7a833e7463751377bacedf9c42422ede12cc6dc.jpg
အားကစားသတင်းများ

 ၁၉-နို-၂၀၂၁ ၁pm · လွန်ခဲ့သော ၂ နှစ် က

မန်ချက်စတာယူနိုက်တက်အသင်းကိုရွှေ့ပြောင်းဖို့ ကမ်းလှမ်းခံခဲ့ရတဲ့ သောမတ်စ်မူလာဟာ.... (အပြည့်အစုံဖတ်ရန် ပုံ ကိုနှိပ်ပါ)

ဘိုင်ယန်မြူးနစ်အသင်း နှင့် ဂျာမနီလက်ရွေးစင်အသင်းတို့ရဲ့ တကယ့်အဓိက ကစားသမားတစ်ဦးဖြစ်တဲ့ သောမတ်စ်မူလာကို (၂၀၁၅)ခုနှစ်က မန်ချက်စတာယူနိုက်တက်သို့ရွှေ့ပြောင်းလာခဲ့ရန် ကမ်းလှမ်းခဲ့ဖူးပါတယ်။ထိုသို့ကမ်းလှမ်းခဲ့စဉ်က မန်ချက်စတာယူနိုက်တက်ကို သောမတ်စ်မူလာရဲ့ နည်းပြဟောင်း လူးဝစ်ဗန်ဟားလ်က နည်းပြအဖြစ်ကိုင်တွယ်နေခဲ့တာဖြစ်ပြီး သောမတ်စ်မူလာကို အရမ်းကိုများပြားတဲ့ပြောင်းရွှေ့ကြေးတစ်ရပ်ဖြစ်တဲ့ ပေါင်(၈၄)သန်းနှင့် ကမ်းလှမ်းခဲ့တာဖြစ်ပါတယ်။

Photo Credit From Original Uploader
Photo Credit From Original Uploader
Photo Credit From Original Uploader
Photo Credit From Original Uploader

သို့ပေမယ့် စိတ်မကောင်းစရာတစ်ခုကတော့ သောမတ်စ်မူလာဟာ မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ကမ်းလှမ်းချက်ကို ငြင်းဆန်ခဲ့တာဖြစ်ပါတယ်။ထိုသို့ငြင်းဆန်ခဲ့ရခြင်းမှာ အခြားသောအကြောင်းအရာများကြောင့်မဟုတ်ပဲ သောမတ်စ်မူလာ ရဲ့ ဇနီးကြောင့် ဖြစ်တယ်လို့ ကြားသိရပါတယ်။

Photo Credit From Original Uploader
Photo Credit From Original Uploader
Photo Credit From Original Uploader
Photo Credit From Original Uploader

သောမတ်စ်မူလာရဲ့ ဇနီးဟာ ခင်ပွန်းဖြစ်သူကို နိုင်ငံရပ်ခြားသို့ သွားရောက်ကစားခွင့်မပြုတဲ့အတွက် ကြောင့် ဒီ ပေါင်(၈၄)သန်းတန်ကမ်းလှမ်းချက်နဲ့ လွဲချော်သွားခဲ့ပြီး အခြားသော ကစားသမားဖြစ်တဲ့ စတိုင်ဂျာကိုသာခေါ်ယူခဲ့ရပါတယ်။နည်းပြကြီးဗန်ဟားလ် အနေနဲ့ သောမတ်စ်မူလာ ကို (၂)ကြိမ်တိုင်တို်င ကမ်းလှမ်းခဲ့တာဖြစ်ပြီး (၂)ကြိမ်စလုံး ငြင်းဆန်ခံခဲ့ရတာဖြစ်ပါတယ်။ သောမတ်စ်မူလာဟာ လက်ရှိအချိန်အထိ အသင်းပြောင်းလဲခြင်းလုံးဝမရှိသေးတဲ့အပြင် ဘိုင်ယန်မြူးနစ်အသင်းနှင့်သာ ဆက်တိုက်စာချုပ်ချုပ်ဆိုထားခဲ့တာဖြစ်ပြီး အသင်းစာချုပ်ဟာ (၂၀၂၃)မှကုန်ဆုံးမယ်လို့လည်းသိရပါတယ်။

Photo Credit From Original Uploader
Photo Credit From Original Uploader
Photo Credit From Original Uploader
Photo Credit From Original Uploader
Photo Credit From Original Uploader
Photo Credit From Original Uploader
Thandar Aung
Thandar Aung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T