ပင်နယ်တီအဆုံးအဖြတ်မှာ (၂)ဂိုးကာကွယ်နိုင်ခဲ့တဲ့ အီရန်ဂိုးသမားကို လိင်ခွဲခြားစစ်ဆေးပေးဖို့ ဂျော်ဒန်ဘောလုံးအဖွဲ့ချုပ်က တောင်းဆို

//s9.kh1.co/eb/eb00c765c0d0d691930c535c0f489cf12b7a386b.jpg
အားကစားသတင်းများ

 ၁၇-နို-၂၀၂၁ ၁၀am · လွန်ခဲ့သော ၂ နှစ် က

.

AFC Women's Asia Cup ခြေစစ်ပွဲ အုပ်စု G ရဲ့ နောက်ဆုံးပွဲစဉ်ဖြစ်တဲ့ အီရန်အမျိုးသမီးဘောလုံးအသင်းနဲ့ ဂျော်ဒန်အသင်းတို့ ထိပ်တိုက်တွေ့ဆုံပွဲမှာ အီရန်အမျိုးသမီးက ဂိုးသမားအဖြစ် အမျိုးသားကို ပွဲထွက်ကစားစေခဲ့တယ်ဆိုကာ စွပ်စွဲခံနေရပြီး ဂျော်ဒန်က အဆိုပါဂိုးသမားကို လိင်ခွဲခြားစစ်ဆေးပေးဖို့ တောင်းဆိုနေပါတယ်။အဆိုပါပွဲစဉ်မှာ အီရန်အသင်းက ပင်နယ်တီဖြင့် (၄-၂) ဂိုးဖြင့် အနိုင်ရရှိပြီး အီရန်ဂိုးသမား ကူဒါယီက ပင်နယ်တီအဆုံးအဖြတ်မှာ (၂)လုံးကို အံ့မခန်း ကာကွယ်နိုင်ခဲ့တာ ဖြစ်ပါတယ်။

Photo Credit -  Twitter
Photo Credit -  Twitter
Photo Credit - A News 
Photo Credit - A News 

ယင်းနောက်မှာတော့ ပင်နယ်တီမှာ (၂)ဂိုးကာကွယ်နိုင်ခဲ့တဲ့ အီရန်ဂိုးသမားဟာ အမျိုးသမီးတွေထက်သာလွန်ပြီး အရည်အချင်းပြည့်မီနေတာကြောင့် ဂျော်ဒန်ဘောလုံးအဖွဲ့ချုပ်က အမျိုးသားတစ်ဦးလို့ ယူဆကာ စုံစမ်းစစ်ဆေးဖို့ AFC ထံ စာတစ်စောင်ပေးပို့ခဲ့တာပါ။ ဂျော်ဒန်ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌဖြစ်တဲ့ မင်းသား အလီဘင်အယ်လ်ဟူစိန်က ကူဒါယီရဲ့လိင်ကို စစ်ဆေးပေးဖို့ အာရှဘောလုံးအဖွဲ့ချုပ်ထံ တောင်းဆိုထားတယ်လို့ အတည်ပြုပါတယ်။

Photo Credit - A News 
Photo Credit - A News 
Photo Credit - A News 
Photo Credit - A News 

အီရန်အသင်းမန်နေဂျာကတော့ အဲဒီတောင်းဆို စွပ်စွဲချက်တွေကို လက်မခံပဲ အနိုင်ရဖို့ အလွန်ရေပန်းစားခဲ့တဲ့ ဂျော်ဒန်အသင်းဘက်က အရှုံးအတွက် ဆင်ခြေပေးနေတာဖြစ်တယ်လို့ တန်ပြန်တိုက်ခိုက်ခဲ့ပါတယ်။ အီရန်အမျိုးသမီးအသင်းဟာ သမိုင်းတစ်လျှောက် ပထမဆုံးအကြိမ်အဖြစ် အာရှဖလားခြေစစ်ပွဲအောင်မြင်သွားတာ ဖြစ်တယ်လို့ သိရပါတယ်။

သတင်း အရင်းအမြစ်Source - A News

Thant Zin Aung
Thant Zin

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T