ပေါ်တူဂီအသင်းကိုအနိုင်ယူခဲ့ပြီးနောက် ဆားဘီးယားပရိသတ်တွေက ရော်နယ်ဒို အောင်ပွဲခံနေကျစတိုင်မျိုးနဲ့ လှောင်ပြောင်ကာ အောင်ပွဲခံခဲ့ကြတဲ့ ရုပ်သံဖိုင်

//s9.kh1.co/11/11c0098f353d140d8a8e89daa978f72d731c58ad.jpg
အားကစားသတင်းများ

 ၁၆-နို-၂၀၂၁ ၁၂pm · လွန်ခဲ့သော ၂ နှစ် က

.

တနင်္ဂနွေညကစားခဲ့တဲ့ ဥရောပဇုန် ကမ္ဘာ့ဖလားခြေစစ်ပွဲတွေမှာတော့ ရေ နာမည်ကြီး ပေါ်တူဂီအသင်းက ဆာဘီးယားကို ရှုံးပြီး တိုက်ရိုက်ခြေစစ်ပွဲနဲ့လွဲချော်ခဲ့ရပြီဖြစ်ပါတယ်။ အိမ်ရှင်ပေါ်တူဂီအသင်းဟာ ကမ္ဘာ့ဖလားခြေစစ်ပွဲအောင်မြင်ရန် ဆားဘီးယားကို သရေကစားဖို့သာ လိုအပ်ပေမယ့် မီထရိုဗစ်ရဲ့ နောက်ကျဂိုးနဲ့အတူ ရှုံးနိမ့်ခဲ့တာပါ။

Photo Credit - Twitter
Photo Credit - Twitter
Photo Credit - Twitter
Photo Credit - Twitter

ပွဲစဥ်စလို့ (၂) မိနစ်မှာမှာ ကွင်းလယ်လူ ရီနာတိုဆန်းချက်စ်နဲ့ကန်ချက်ဖြင့် ပေါ်တူဂီအသင်း ဦးဆောင်ခဲ့ပေမယ့် ဆားဘီးယားကစားသမား တာဒစ်က ပထမပိုင်းမပြီးခင် (၃၃) မိနစ်မှာပဲ ချေပဂိုးပြန်သွင်းယူခဲ့တာပါ။ ဒုတိယပိုင်းမှာတော့ သရေကျရန်လိုအပ်နေတဲ့ ပေါ်တူဂီအသင်းကတော့ ပွဲချိန် (၉၀) မိနစ်မှာ ဆားဘီးယားအသင်းရဲ့မီထရိုဗစ်က ခေါင်းတိုက်ဂိုးသွင်ယူပြီး ကမ္ဘာ့ဖလာအတွက် တိုက်ရိုက်ခြေစစ်ပွဲအောင်မြင်စေခဲ့ပါတယ်။

Photo Credit - Twitter
Photo Credit - Twitter
Photo Credit - Twitter
Photo Credit - Twitter

လက်ရှိမှာတော့ ရော်နယ်ဒိုရဲ့ ပေါ်တူဂီအသင်းဟာ play-offs ဖြင့် သာကစားရတော့မှာ ဖြစ်ပါတယ်။ ကမ္ဘာ့ဖလား ဥရောပဇုန် အတွက် ခြေစစ်ပွဲအဖြစ် အုပ်စု(A) က ပေါ်တူဂီ နဲ့ ဆားဘီးယားအသင်းတို့ဟာ ပေါ်တူဂီနိုင်ငံ လစ္စဘွန်းမြို့မှာ ယှဥ်ပြိုင် ကစားခဲ့တာဖြစ်ပြီး ပေါ်တူဂီအသင်းကိုအနိုင်ယူကာ ကမ္ဘာ့ဖလားခြေစစ်ပွဲအောင်မြင်ခဲ့တဲ့ ဆားဘီးယားပရိသတ်များကလည်း ရော်နယ်ဒို အောင်ပွဲခံနေကျစတိုင်မျိုးဖြင့် လှောင်ပြောင်ပြီး အောင်ပွဲခံခဲ့ကြပါသေးတယ်။ ဆားဘီးယားပရိသတ်တွေ အောင်ပွဲခံခဲ့တဲ့ ရုပ်သံဖိုင်ကိုတော့ ပြန်လည်ကြည့်ရှုလို့ရအောင် ဖော်ပြပေးလိုက်ပါတယ်။

သတင်း အရင်းအမြစ်Source - Football Home & Away

Thant Zin Aung
Thant Zin

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T