အဆိုးရွားဆုံး ဖိအားတွေအောက်ကို ရောက်ရှိနေတဲ့ ယူနိုက်တက်နည်းပြ ဆိုးလ်ရှားဟာ စနေနေ့က မန်စီးတီးကို (2-0) ဖြင့် ရှုံးနိမ့်ခဲ့ပြီးနောက် နိုင်ငံပွဲစဥ်တွေကို စမှာဖြစ်လို့ တနင်္လာနေ့က ၎င်းရဲ့မိသားစုနှင့်အတူ မွေးရပ်မြေနော်ဝေသို့ ပြန်လည် ထွက်ခွာသွားခဲ့ပါတယ်။အကျပ်အတည်းကြားရောက်နေတဲ့ ဆိုးလ်ရှားကို အသင်းက တစ်ပတ်တာ အနားယူခွင့်ရတဲ့အတွက်လည်း မန်ချက်စတာယူနိုက်တက် ကစားသမားများနှင့် နည်းပြအဖွဲ့ဝင်တွေကအစ အံ့အားသင့်စေခဲ့ပါတယ်။


ယူနိုက်တက် လူစာရင်းမှ ကစားသမား အများစု နိုင်ငံတကာပွဲစဉ်တွေ ကစားဖို့ သွားရချိန်မှာ ဖိအားများနေတဲ့နည်းပြ ဆိုးလ်ရှားက လက်ကျန် ကစားသမားနဲ့ ဝန်ထမ်းတွေကို လေ့ကျင့်ခန်း ပေးမဆင်းစေပဲ နားရက်ပေးခဲ့တာ ဖြစ်ပါတယ်။လက်ရှိ ယူနိုက်တက်မှာ ဖြစ်ပေါ်နေတဲ့ အကျပ်အတည်းတွေအရ အဆိုပါ ဆုံးဖြတ်ချက်ဟာ လုံး၀ ထင်မထားတဲ့ အရာတစ်ခုပဲ ဖြစ်ပါတယ်။


နော်ဝေနိုင်ငံသားဖြစ်တဲ့ ဆိုးလ်ရှားဟာ ဇနီးဖြစ်သူ Silje ၊ သားဖြစ်သူ Noah နှင့် Elijah တို့ပါ တစ်ပါးတည်းခေါ်သွားခဲ့ပြီး မန်ချက်စတာလေဆိပ်ကနေ မွေးရပ်မြို့ Kristiansund သို့ ကိုယ်ပိုင်ဂျက်လေယာဉ်ဖြင့် ပြန်သွားခဲ့လို့ Daily Mail Sport က ရေးသားဖော်ပြထားတာ တွေ့ရပါတယ်။ ဆိုးလ်ရှားဟာ နောက်ဆုံး (၁၂) ပွဲမှာ (၆) ပွဲရှုံးခဲ့ပြီး မန်စီးတီးနဲ့ လီဗာပူးတို့ကို အရှက်ရဖွယ် ရှုံးနိမ့်မှုတွေကြောင့် ကြီးမားတဲ့ ဝေဖန်မှုတွေနဲ့ ရင်ဆိုင်နေရတာ ဖြစ်ပါတယ်။


သတင်း အရင်းအမြစ်៖ Source - Daily Mail Sport