“မြန်မာ့ နွေဦးတော်လှန်ရေး ပြည်တွင်းပြည်ပမှ တော်လှန်ရေးလှုပ်ရှားမှု ပုံရိပ်တွေရဲ့ ဓာတ်ပုံပြပွဲ" ကို ဂျပန်နိုင်ငံတွင် ပြုလုပ်ကျင်းပခဲ့

//s9.kh1.co/29/29dbafe32d9a88e0a5ba4e600cc94a0420ade03a.jpeg
နေ့စဉ်သတင်းများ

 ၀၈-နို-၂၀၂၁ ၁၁am · လွန်ခဲ့သော ၂ နှစ် က

Mr.Kameyama ရဲ့ မြန်မာပြည်လည်ပတ်ခဲ့စဉ်က ရိုက်ကူးခဲ့တဲ့ အမိမြေမှ .....

မြန်မာနိုင်ငံဟာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ (၁) ရက်နေ့ထဲက စစ်ကောင်စီရဲ့ အာဏာသိမ်းပိုက်ခြင်းကို ခံလိုက်ရတာပါ။ သိမ်းပိုက်ပြီး သိပ်မကြာခင်မှာပဲ ပြည်သူလူထုက လမ်းပေါ်ထွက်ပြီး ငြိမ်းချမ်းစွာ ကြွေးကြော်ဆန္ဒပြတာတွေလဲ လုပ်ခဲ့ပါတယ်။ ပြည်တွင်းမှာသာမက ပြည်ပရောက် မြန်မာနိုင်ငံသားတွေကလည်း စစ်ကောင်စီရဲ့ အာဏာသိမ်းမှုကို လက်မခံကြောင်း နိုင်ငံအသီးသီးမှာလဲ ဆန္ဒပြတာတွေ၊ ဆုတောင်းပွဲတွေ၊ ဓာတ်ပုံပြပွဲတွေ စတဲ့ ကိုယ်တတ်နိုင်တဲ့ဘက်ကနေ ပါဝင်လှုပ်ရှားတော်လှန်နေကြတာပဲ ဖြစ်ပါတယ်။ 

Photo Credit : Ko Oggar’s Facebook Acc 
Photo Credit : Ko Oggar’s Facebook Acc 
Photo Credit : Ko Oggar’s Facebook Acc 
Photo Credit : Ko Oggar’s Facebook Acc 
Photo Credit : Ko Oggar’s Facebook Acc 
Photo Credit : Ko Oggar’s Facebook Acc 

အခုဆိုရင်လဲ မြန်မာ့နွေဦးတော်လှန်ရေးအတွက်အစဉ်အမြဲ လှုပ်ရှားပေးနေသူ ဂျပန်လူမျိုးတစ်ယောက်က တတ်ကျွမ်းရာဓာတ်ပုံပညာနဲ့ အမြဲတက်တက်ကြွကြွလှုပ်ရှားနေတဲ့ Myanmar Global Support Foundation - MGSF နဲ့ ရောင်စုံနွေဦး မှအဖွဲ့ဝင် Ko Oggar တို့ပူးပေါင်းပြီး အမိမြန်မာအကြောင်း ဓာတ်ပုံပြပွဲလေးကိုကျင်းပခဲ့ပါတယ်။  မြန်မာ့နွေဦးတော်လှန်ရေး ဓာတ်ပုံပြပွဲကို ဂျပန်နိုင်ငံ၊ တိုကျိုမြို့၊ Tammachi Station အနီးက Yokohama Art Gallery မှာနိုဝင်ဘာ (၁) ရက်နေ့က (၁၄) ရက်နေ့အထိ ဂျပန်စံတော်ချိန် နေ့လည် (၁၂) နာရီက  ည (၇) နာရီအတွင်း ပြသနေတယ်လို့ သိရပါတယ်။ 

Photo Credit : Ko Oggar’s Facebook Acc 
Photo Credit : Ko Oggar’s Facebook Acc 
Photo Credit : Ko Oggar’s Facebook Acc 
Photo Credit : Ko Oggar’s Facebook Acc 

အရေးတော်ပုံအတွက် ပြည်တွင်းက လှုပ်ရှားမှုပုံရိပ်တွေ၊ ပြည်ပဂျပန်နိုင်ငံက တက်ကြွစွာ ပါဝင်လှုပ်ရှားနေကြတဲ့ပုံရိပ်တွေကို ခံစားသက်ဝင်နိုင်အောင်လို့ မြန်မာပြည်နဲ့ မြန်မာလူမျိုးများကိုချစ်မြတ်နိုးတဲ့ Mr.Kameyama ရဲ့မြန်မာပြည်လည်ပတ်ခဲ့စဉ်က ရိုက်ကူးခဲ့တဲ့ အမိမြေကပုံရိပ်လေးတွေဖြစ်ပါတယ်။ နွေဦးတော်လှန်ရေးအတွက်ကြိုးစားပေးနေတဲ့ပညာရှင်တွေကို လာရောက်အားပေးပြီး အနုပညာလက်ရာလေးတွေခံစားသက်ဝင်ခံစားဖို့ ဖိတ်ခေါ်ထားတာလည်းဖြစ်ပါတယ်။

Photo Credit : Ko Oggar’s Facebook Acc 
Photo Credit : Ko Oggar’s Facebook Acc 
Photo Credit : Ko Oggar’s Facebook Acc 
Photo Credit : Ko Oggar’s Facebook Acc 
Photo Credit : Ko Oggar’s Facebook Acc 
Photo Credit : Ko Oggar’s Facebook Acc 
Photo Credit : Ko Oggar’s Facebook Acc 
Photo Credit : Ko Oggar’s Facebook Acc 
Photo Credit : Ko Oggar’s Facebook Acc 
Photo Credit : Ko Oggar’s Facebook Acc 
Photo Credit : Ko Oggar’s Facebook Acc 
Photo Credit : Ko Oggar’s Facebook Acc 

Source  : Ko Oggar's Facebook Acc

Cherry Nwe Oo
Cherry

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T