ပီအက်စ်ဂျီအသင်းရဲ့ တိုက်စစ်မှူး လီယွန်နယ်မက်ဆီဟာ ယခုနှစ်အတွက် ပေးအပ်တဲ့ ဘော်လွန်းဒီအောဆုကို ရရှိခဲ့ပြီလို့ ဆုချီးမြှင့်တဲ့ ပြင်သစ်ဘောလုံးအဖွဲ့က ကစားသမားကို ပြောခဲ့ကြောင်း သတင်းတွေမှာ ဖော်ပြလာခဲ့ပါတယ်။မက်ဆီဟာ ဒီဆုကို ရရှိဖို့အတွက် လပေါင်းများစွာကြာအောင် ရေပန်းစားနေခဲ့တာလည်း ဖြစ်ပါတယ်။


မက်ဆီဟာ ပြီးခဲ့တဲ့ ရာသီက ဘာစီလိုနာ အသင်းနဲ့အတူ ကိုပါဒယ်ရေးဖလား အောင်မြင်မှုသာ ရယူနိုင်ခဲ့တာဖြစ်ပေမယ့် အာဂျင်တီးနား လက်ရွေး စင် အသင်းနဲ့ ကိုပါအမေရိကဖလား ရရှိအောင် စွမ်းဆောင်နိုင်ခဲ့တာကြောင့် အခုလို ရေပန်းစားခဲ့တာလည်း ဖြစ်ပါတယ်။ မက်ဆီဟာ ကိုပါအမေရိကဖလား ပြိုင်ပွဲမှာ အာဂျင်တီးနားအသင်း ချန်ပီယံဆု ရရှိအောင် ဦးဆောင်နိုင်ခဲ့တာဖြစ်ပြီး ဒီပြိုင်ပွဲရဲ့ အကောင်းဆုံး ကစားသမားဆုရတဲ့အထိ အသင်းအတွက် ခြေစွမ်းပြသနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။


ပေါ်တူဂီ တီဗီချန်နယ်လ်ဖြစ်တဲ့ RTP က မက်ဆီကို အခုနှစ်အတွက် ဘောလွန်းဒီအောဆု ရရှိတဲ့သူအဖြစ် အကြောင်းကြားခဲ့ တယ် လို့ ဖော်ပြခဲ့တာဖြစ်ပါတယ်။ဒီဆုအတွက် မက်ဆီဟာ ဆုရရှိမှုနဲ့ပတ်သက်ပြီး ပြင်သစ်ဘောလုံးအဖွဲ့နဲ့တောင် အင်တာဗျုး ဖြေထားပြီး ဖြစ်တယ်လို့လည်း အဆိုပါ သတင်းက ထပ်မံဖော်ပြခဲ့တာပါ။ မက်ဆီ ဟာ ဒီနှစ်အတွက်ပါ ဆုထပ်မံရရှိခဲ့မယ်ဆိုရင် ဘော်လွန်းဒီအောဆုကို (၇) ကြိမ်မြောက် ရရှိသွားမှာလည်း ဖြစ်ပါတယ်။ ယခုနှစ်အတွက် ဘော်လွန်းဒီအောဆုကို ရရှိဖို့ မက်ဆီနဲ့အပြိုင် ဘိုင်ယန်မြူးနစ်အသင်း တိုက်စစ်မှူး လီဝန်ဒေါစကီး၊ ရီးရယ်လ် အသင်းတိုက်စစ်မှူး ဘန်ဇီမာနဲ့ ချယ်လ်ဆီးအသင်း ကွင်းလယ်ကစားသမား ဂျော်ဂျင်ဟိုတို့က ရေပန်းစားနေခဲ့တာ ဖြစ်ပါ တယ်။ဆုပေးပွဲကိုတော့ နိုဝက်ဘာ(၂၉)ရက်နေ့မှာ ကျင်းပသွားမှာဖြစ်ပြီး ထွက်ပေါ်နေတဲ့ သတင်းတွေဟာ အမှန်ဖြစ်နေမလားဆိုတာကိုတော့ ဆုချီးမြှင့်မယ့်နေ့ရောက်ရင် သိရတော့မှာ ဖြစ်ပါ တယ်။



