နိုဝင်ဘာ ၇ရက် မနက်ပိုင်းမှာ စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့နယ် ချမ်းမြသာစည် ၂ လမ်းမှာ နေထိုင်လျက်ရှိတဲ့ အဖွားအိုတစ်ဦးဟာ ပေ ၃၀ အနက်ရှိတဲ့ အိမ်သာကျင်းအသစ်အတွင်းသို့ ပြုတ်ကျခဲ့တဲ့ ဖြစ်ရပ်တစ်ခု ဖြစ်ပွားခဲ့ပါတယ်။


အဖွားအိုဟာအိမ်သာသွားရာမှ နက်ပိုင်း ၆ နာရီ ၂၀ မိနစ်ခန့်က ခြေချော်ပြီး အိမ်သာကျင်းအသစ်အတွင်းသို့ ပြုတ်ကျခဲ့တာကြောင့် မိသားစုဝင်များက မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအဖွဲ့ (မုံရွာမြို့နယ်ရုံး)သို့ ဆက်သွယ်ပြီး အကူအညီတောင်းခံခဲ့ပါတယ်။

အဖွားအိုက်ို ကယ်ဆယ်ရေးအဖွဲ့ဝင်များက သွားရောက်ကယ်ဆယ်ခဲ့ပြီး နံနက် ၆နာရီ ၄၅မိနစ်မှာ ခက်ခက်ခဲခဲကူညီကယ်ထုတ်ခဲ့ရပြီး ချက်ချင်းမုံရွာဆေးရုံကြီးကို ပို့ဆောင်ပေးခဲ့ပါတယ်။အဖွားအိုဟာ ပြုတ်ကျတဲ့ဒဏ်ကြောင့် ခြေထောက်လည်း ကျိုးထားပြီး ဆေးရုံရောက်ရှိပြီးသိပ်မကြာခင်မှာပဲ ကွယ်လွန်သွားတယ်လို့ သိရှိရပါတယ်။

သတင်း အရင်းအမြစ်៖ မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ မုံရွာမြို့





