မြန်မာလက်ရွေးစင် ဘောလုံးအသင်းရဲ့ နည်းပြ အန်တိုနီ ဟေး က ကြေငြာချက်တစ်ခုကို မြန်မာဘောလုံးပရိတ်သတ်တွေအတွက် အတည်ပြုလာခဲ့ပါတယ်။ဒါကတော့ ကစားသမား အောင်သူ၊ ကျော်ကိုကို နဲ့ ဇော်မင်းထွန်းတို့ ဟာ လက်ရှိမှာ လက်ရွေးစင်အသင်းကနေ အနားယူသွားပြီ ဆိုတဲ့အကြောင်းအရာပဲ ဖြစ်ပါတယ်။
သူတို့(၃)ဦးဟာ အာဏာထိန်းချုပ်ခံခဲ့ရပြီး ဖေဖော်ဝါရီ နောက်ပိုင်းထဲက လက်ရွေးစင် အသင်းမှာ ပါဝင် ကစားဖို့ ငြင်းဆန်ခဲ့တာဖြစ်ပါတယ်။လက်ရှိ အချိန်မှာဆိုရင်တော့ သူတို့ဟာ နိုင်ငံကိုယ်စားပြု လက်ရွေးစင်ကစားသမားဘဝ ဆိုတဲ့ ဂုဏ်ယူစရာ အကောင်းဆုံး အခိုက်အတန့်ကို မတရားမှုနဲ့ လဲလှယ်ခဲ့ကာ ဂုဏ်ယူဖွယ်လုပ်ရပ်ကို ပြုလုပ်ခဲ့ကြတာဖြစ်ပါတယ်။
သူတို့ဟာ အားပေးနေတဲ့ တစ်နိုင်ငံလုံးက ပရိတ်သတ်ကြီးကို သွင်းဂိုးတွေ မပါပဲ ၊ ပြောင်မြောက်တဲ့ ခံစစ် များ၊ ထူးချွန်တဲ့ ခြေစွမ်းနှင့် ကစားကွက်မပါပဲ အစွမ်းပြလိုက်တာဖြစ်ပါတယ်။သူတို့ကို အားပေးရတာ ခုချိန်မှာမှ အားပေးရကျိုးနပ်တယ်လို့ မြန်မာဘောလုံး ပရိတ်သတ်တွေလည်း ထပ်တူ ခံစားချက်တူမယ်လို့ လုံးဝ ယုံကြည်မိပါတယ်။