နောက်ကျဂိုးတွေနဲ့ အတ္တလန်တာကိုမရှုံးနိမ့်အောင် မန်ချက်စတာယူနိက်တက်ကို ထပ်မံကယ်တင်လိုက်တဲ့ ရော်နယ်ဒို

//s9.kh1.co/24/2480c3d8b5d6e1f10383dd335f98530a6ca9f4e8.jpg
အားကစားသတင်းများ

 ၀၃-နို-၂၀၂၁ ၉am · လွန်ခဲ့သော ၂ နှစ် က

.

ရော်နယ်ဒိုကတော့ မန်ချက်စတာယူနိက်တက်အသင်းကိုထပ်မံ ကယ်တင်လိုက်ပြန်ပြီပဲဖြစ်ပါတယ်။ မန်ချက်စတာယူနိက်တက်အသင်းဟာ အတ္တလန်တာနဲ့ ပွဲစဥ်အစပိုင်းမှာ အတော်လေးကို ရုန်းကန်ခဲ့ရပြီး အတ္တလန်တာအသင်းကိုဦးဆောင်ဂိုးခွင့်ပြုခဲ့ရပါတယ်။ အတ္တလန်တာအတွက်ဦးဆောင်ဂိုးကို ဇာပါတာရဲ့ဖန်တီးပေးမူကနေတစ်ဆင့် ပွဲချိန်(၁၂)မိနစ်မှာ အီလီစစ်က သွင်းယူပေးခဲ့တာပါ။

Photo Credit -Instagram
Photo Credit -Instagram
Photo Credit -Instagram
Photo Credit -Instagram

ယင်းနောက်မှာတော့ ဆိုးလ်ရှားအတွက် ရင်အေးစရာအဖြစ် ကံကောင်းခြင်းတွေနဲ့ ယှဥ်တွဲလာတယ်လို့ပဲ ပြောရမလား ယူနိက်တက်နောက်တန်းတည်ငြိမ်ရုန်းကန်ခဲ့ရပြီး အဲရစ်ဘိုင်လီရဲ့ အံ့အားသင့်ဖွယ် ဖျက်ထုတ်ကာကွယ်မူကြောင့် ယူနိက်တက်က ဒုတိယဦးဆောင်ဂိုးခွင့်မပြုခဲ့ပါဘူး။ ယူနိက်တက်အတွက်ချေပဂိုးကိုတော့ ဖာနန်ဒက်ရဲ့ လှပတဲ့ဖန်တီးပေးမူကနေ ပထမပိုင်း အချိန်ပို(၄၅+၁)မိနစ်မှာ ရော်နယ်ဒိုကသွင်းယူခဲ့တာပါ။

Photo Credit -Instagram
Photo Credit -Instagram
Photo Credit -Instagram
Photo Credit -Instagram

ဒုတိယပိုင်းပွဲအစမှာ နှစ်သင်းလုံးက ပြိုင်ဆိုင်မူပြင်းထန်ခဲ့ပြီး အတ္တလန်တာရဲ့ ဒုတိယဦးဆောင်ဂိုးကို ပွဲချိန် (၅၆)မိနစ်မှာ ဇာပါတာက သွင်းယူခဲ့ပါတယ်။ ယူနိက်တက်အတွက် ဒုတိယချေပဂိုးကိုဂရင်းဝုဒ်ရဲ့ပေးပို့မူကနေ အချိန်(၉၀+၁)မိနစ်မှာ ရော်နယ်ဒိုကပဲ သွင်းယူခဲ့ပါတယ်။ ရော်နယ်ဒိုဟာ ဒီနေ့ပွဲစဥ်မှာလဲ ဆိုးလ်ရှားကို ထပ်မံကယ်တင်လိုက်ပြန်တာဖြစ်ပါတယ်။ ပွဲပြီးဆုံးချိန်မှာတော့ အတ္တလန်တာအသင်းနှင့် ယူနိက်တက်အသင်းတို့ (၂.၂)ဂိုးစီဖြင့် သရေကြခဲ့ပါတယ်။

Photo Credit -Instagram
Photo Credit -Instagram

သတင်း အရင်းအမြစ်Source - Instagram

Thant Zin Aung
Thant Zin

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T