UEFA အဆင့်သတ်မှတ်ထားတဲ့ နောက်ဆုံး(၅) ရာသီအတွင်း အမြင့်ဆုံးစာရင်းဝင်အသင်းတွေထဲက ထိပ်ဆုံးအသင်း (၁၀)သင်းကတော့ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ယှဉ်ပြိုင်ကစားနေကြတဲ့ အသင်းကြီးအများစု ပါဝင်လာခဲ့တာ တွေ့ရပါတယ်။ ဥရောပကလပ်အသင်းများရဲ့ အဆင့်သတ်မှတ်ချက်ထိပ်ဆုံးများမှာ ဂျာမန်ထိပ်သီး ဘိုင်ယန်မြူးနစ်အသင်းက ဦးဆောင်နေတာပါ။
ဒုတိယနေ ရာမှာတော့ ပရီးမီးယားလိဂ်မှ ဂွါဒီယိုလာရဲ့ မန်စီးတီးအသင်းက ရပ်တည်နေသလို့ နောက်ဆုံး (၃) နှစ်အတွင်း ချန်ပီယံလိဂ်ရရှိထားတဲ့ လီဗာပူးလ် နဲ့ ချဲလ်ဆီး တို့က အဆင့်(၃) ၊အဆင့်(၄) နေရာမှာရှိနေခဲ့ပါတယ်။ စပိန်ထိပ်သီး ဘာစီလိုနာ အသင်းကတော့ အဆင့်(၅) နေရာမှာ ရပ်တည်နေပါတယ်။
အဆင့်(၆)နေရာမှာတော့ ပြင်သစ်ရဲ့ အင်အားကြီးကလပ်ဖြစ်တဲ့ ပီအက်စ်ဂျီအသင်း ၊ အဆင့် (၇) မှာလည်း ချန်ပီယံလိဂ်မှ ရီးရဲလ်မက်ဒရစ်အသင်း ၊ အဆင့် (၈)နေရာမှာ အီတလီ မှ ဂျုဗင်တပ်စ်အသင်း နှင့် ပရီးမီးယားလိဂ်ရဲ့အောင်မြင်မှု အများဆုံးကလပ်ဖြစ်တဲ့ မန်ချက်စတာယူနိုက်တက်အသင်းကတော့ အဆင့် (၉) နေရာရှိပြီး စပိန်ထိပ်သီးဖြစ်တဲ့ အက်သလက်တီကိုအသင်းက အဆင့်(၁၀)မှာရှိပြီ အဆင့်ဇယားမှာ အစဉ်လိုက်ရပ်တည်နေပါ။
သတင်း အရင်းအမြစ်៖ Source - UK Match Day