အဝေးသင်တက္ကသိုလ်များ ကျောင်းအပ်လက်ခံနေပြီ

//s9.kh1.co/67/67aceb0ab57155edb4dc63fc0e91c5bf5e6eb511.jpg
နေ့စဉ်သတင်းများ

 ၃၁-အောက်-၂၀၂၁ ၁၁am · လွန်ခဲ့သော ၄ နှစ် က

အဝေးသင်တက္ကသိုလ်များ ကျောင်းအပ်လက်ခံနေပြီ

Covid 19 ကပ်ရောဂါကြောင့် မြန်မာနိုင်ငံရှိ တက္ကသိုလ်များ၊အခြေခံမူလတန်း၊အလယ်တန်း၊အထက်တန်းကျောင်းများပိတ်ထားခဲ့ရသည်မှာ တစ်နှစ်ကျော်ကျော်ရှိသွားပြီဖြစ်ပါတယ်။မူလတန်း၊အလယ်တန်း၊အထက်တန်းကျောင်းများကို ယခုနှစ်ဇွန်လမှာဖွင့်လှစ်ခဲ့ပေမဲ့လည်း ကိုဗစ်တတိယလှိုင်းရိုက်ခတ်လာမှုကြောင့် ကျောင်းများကို ပြန်လည်ပိတ်ထားခဲ့ရပါတယ်။

Photo Credit - Google
Photo Credit - Google

ယခုတစ်ခေါက်မှာတော့ ပညာရေးဝန်ကြီးဋ္ဌာနကနေ ကြေညာချက်တစ်ခုထုတ်ပြန်ခဲ့ပါတယ်။ထိုကြေညာချက်ထဲမှာဆိုရင်တော့ တက္ကသိုလ်အသီးသီးမှာရှိတဲ့ အဝေးသင်ဋ္ဌာနများတွင် ဝိဇ္ဇာ၊သိပ္ပံအထူးပြုဘာသာရပ်နဲ့ ၂၀၂၀ ပညာသင်နှစ်အတွက် ကျောင်းအပ်နှံံရန် ကျန်ရှိသည့် အဝေးသင်ကျောင်းသား၊ကျောင်းသူများကျောင်းအပ်မှတ်ပုံတင်ရန်််််လို့ ပါရှိပါတယ်။

Photo Credit - Google
Photo Credit - Google

ကျောင်းအပ်မှတ်ပုံတင်ရမည့်ရက်တွေကတော့  ၂၀၂၁ခုနှစ် နိုဝင်ဘာ ၁ ရက်နေ့မှ ၉ ရက်နေ့အထိဖြစ်ပြီး စနေ၊တနင်္ဂနွေ ရုံးပိတ်ရက်များပါ ကျောင်းအပ်လက်ခံသွားမှာ ဖြစ်ပါတယ်။ပထမနှစ်၊ဒုတိယနှစ်၊တတိယနှစ်၊စတုတ္ထနှစ်နဲ့ ပဥ္စမနှစ်ကျောင်းသားကျောင်းသူများ ကျောင်းအပ်နှံရမှာ ဖြစ်ပါတယ်။

Photo Credit - Original Uploader
Photo Credit - Original Uploader

ကျောင်းအပ်လက်ခံမည့် အဝေးသင်ဋ္ဌာနခွဲများက​တော့ မြစ်ကြီးနားတက္ကသိုလ်၊ဗန်းမော်တက္ကသိုလ်၊မိုးညှင်းတက္ကသိုလ်၊လွိုင်ကော်တက္ကသိုလ်၊ဘားအံတက္ကသိုလ်၊ပခုက္ကူတက္ကသိုလ်၊ဟားခါးတက္ကသိုလ်၊မုံရွာတက္ကသိုလ်၊ကလေးတက္ကသိုလ်၊ထားဝယ်တက္ကသိုလ်၊မြိတ်တက္ကသိုလ်၊တောင်ငူတက္ကသိုလ်၊ပြည်တက္ကသိုလ်၊ပဲခူးတက္ကသိုလ်၊မကွေးတက္ကသိုလ်၊ရေနံချောင်းတက္ကသိုလ်၊မန္တလေးအဝေးသင်တက္ကသိုလ်၊ရတနာပုံတက္ကသိုလ်၊မန္တလေးအဝေးသင်တက္ကသိုလ်၊ရတနာပုံတက္ကသိုလ်၊မိတ္ထီလာတက္ကသိုလ်၊ကျောက်ဆည်တက္ကသိုလ်၊မြင်းခြံတက္ကသိုလ်၊မန္တလာတက္ကသိုလ်၊မော်လမြိုင်တက္ကသိုလ်၊စစ်တွေတက္ကသိုလ်၊တောင်ကုတ်တက္ကသိုလ်၊ရန်ကုန်အဝေးသင်တက္ကသိုလ်၊ဒဂုံတက္ကသိုလ်၊ရန်ကုန့အရှေ့ပိုင်းတက္ကသိုလ်၊ရန်ကုန်အနောက်ပိုင်းတက္ကသိုလ်၊တောင်ကြီးတက္ကသိုလ်၊ပင်လုံတက္ကသိုလ်၊လားရှိုးတက္ကသိုလ်၊ကျိုင်းတုံတက္ကသိုလ်၊ပုသိမ်တက္ကသိုလ်၊ဟင်္သာတတက္ကသိုလ်၊မအူပင်တက္ကသိုလ်တို့မှာ သွားရောက်အပ်နှံရမှာ ဖြစ်ပါတယ်။

Hsu Ei Khin
Arche

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T