အားလုံးစိတ်ပူနေကြရတဲ့ ချင်းပြည်နယ်က ထန်တလန်မြို့လေး မီးငြိမ်းသွားခဲ့ပြီဖြစ်ကြောင်း ဒေသခံများပြောကြားလာ

//s9.kh1.co/d7/d7c736b1fc0c0cf5eec1d848483ea8dc2789481f.jpg
နေ့စဉ်သတင်းများ

 ၃၀-အောက်-၂၀၂၁ ၁၁am · လွန်ခဲ့သော ၄ နှစ် က

တော်သေးတာပေါ့..အရမ်းကိုစိုးရိမ်နေခဲ့ရတာ..ဆုံးရှုံးမှုကတော့ မနည်းမနောပါပဲတဲ့... (အပြည့်အစုံဖတ်ရန် ပုံ ကိုနှိပ်ပါ)

ယမန်နေ့ အောက်တိုဘာ(၂၉)ရက်နေ့ နံနက်ပိုင်းကတည်းက ချင်းပြည်နယ်မြောက်ပိုင်းမှာရှိတဲ့ ထန်တလန်မြို့ဟာ မီးလောင်ကျွမ်းခဲ့ပါတယ်။ မီးလောင်ကျွမ်းခဲ့သည့် ချင်းပြည်နယ် ထန်တလန်မြို့ရဲ့ မီးလောင်မှု ဟာ

ယနေ့ အောက်တိုဘာ (၃၀)ရက်နေ့ နံနက် (၉)နာရီခန့်တွင် မီးငြိမ်းပြီဖြစ်ကြောင်းနှင့် မီးခိုးငွေ့များသာရှိတော့ကြောင်း ချင်းဒေသခံတစ်ဦးက ပြောကြားလာခဲ့ပါတယ်။

Photo Credit From Original Uploader
Photo Credit From Original Uploader

ထန်တလန်မြို့ရဲ့ မီးလောင်မှုဟာ အောက်တိုဘာ (၂၉) ရက် နံနက် (၁၀) နာရီကျော်အချိန်မှ ယနေ့အောက်တိုဘာ(၃၀)ရက်နေ့ နံနက်(၉)နာရီကျော်အထိ (၂၄)နာရီနီးပါးကြာမြင့်ခဲ့တာဖြစ်ပါတယ်။ မီးလောင်ကျွမ်းခံခဲ့ရတဲ့ နေအိမ်စာရင်းကို ထန်တလန်ချင်းပြည်ကာကွယ်ရေးတပ်ဖွဲ့ဝင်များက စာရင်းကောက်ယူခဲ့ကြောင်း ဒေသခံက ထပ်မံပြောကြားလာပါသေးတယ်။

Photo Credit From Original Uploader
Photo Credit From Original Uploader
Photo Credit From Original Uploader
Photo Credit From Original Uploader

ယနေ့မနက် ၉နာရီခွဲလောက်မှာ မီးငြိမ်းသက်သွားပြီး အခိုးအငွေ့တွေပဲရှိတော့ကြောင်း ၊လက်ရှိကောက်ခံနေတဲ့ စာရင်းများအရ အိမ် (၁၆၃)လုံး၊ ဘုရားကျောင်း (၂)ခု နှင့် ရပ်ကွက် (၅)ခုစာ ဆုံးရှုံးခဲ့ရကြောင်း ဟု ချင်းဒေသခံက ပြောလာပါတယ်။လက်ရှိမှာ လူဦးရေ တစ်သောင်းခန့်ရှိသည့် ထန်တလန်မြို့ခံ အားလုံးနီးပါးဟာ စစ်ဘေးတိမ်း ရှောင်နေကြတာဖြစ်ပြီး  ယမန်နေ့မီးလောင်မှုတွင် မီးငြှိမ်းသတ်မယ့်သူမရှိခဲ့တဲ့အတွက် မီးလောင်တဲ့ နေအိမ်အရေအတွက် ပိုများသွားခြင်းဖြစ်တယ်လို့လည်းဆိုလာပါတယ်။

Photo Credit From Original Uploader
Photo Credit From Original Uploader
Photo Credit From Original Uploader
Photo Credit From Original Uploader
Photo Credit From Original Uploader
Photo Credit From Original Uploader
Thandar Aung
Thandar Aung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T