မန္တလေး ကညနရုံးရှေ့က ဒဏ်ရာရလူနာတွေကို သွားရောက်ခေါ်ဆောင်ရင်း ဗုံးထပ်မံပေါက်ကွဲခဲ့လို့ ထိခိုက်ဒဏ်ရာရရှိခဲ့တဲ့ လူမှုကယ်ဆယ်ရေးအဖွဲ့ဝင်တချို့

//s9.kh1.co/5f/5f06fb0e65a1a469e7614f7ef738f759c3457343.jpg
နေ့စဉ်သတင်းများ

 ၂၇-အောက်-၂၀၂၁ ၄pm · လွန်ခဲ့သော ၄ နှစ် က

.

မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ သိပ္ပံလမ်းပေါ်ရှိ ကညနရုံးရှေ့မှာ ယနေ့ အောက်တို့ဘာ (၂၇) ရက်နေ့ မနက်ပိုင်းမှာ ဗုံးပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့ပါတယ်။ အဆိုပါ ပေါက်ကွဲမှုမှာ ဆိုင်ကယ်လိုင်စင် သက်တမ်းတိုးသူနှင့် ပွဲစားအချို့အပါအဝင် စုစုပေါင်း (၁၃) ဦးခန့် ထိခိုက်ဒဏ်ရာရခဲ့ တဲ့အပြင် ဆိုင်ကယ် (၁၄) စီးခန့် မီးလောင်ပျက်စီးခဲ့ကြောင်း ပျံ့နှံ့လာတဲ့ သတင်းများအရ သိရပါတယ်။

Photo Credit - လူမှုကယ်ဆယ်ရေးအဖွဲ့(မုံရွာမြို့နယ်ရုံး)
Photo Credit - လူမှုကယ်ဆယ်ရေးအဖွဲ့(မုံရွာမြို့နယ်ရုံး)
Photo Credit - လူမှုကယ်ဆယ်ရေးအဖွဲ့(မုံရွာမြို့နယ်ရုံး)
Photo Credit - လူမှုကယ်ဆယ်ရေးအဖွဲ့(မုံရွာမြို့နယ်ရုံး)

ယင်းပေါက်ကွဲမှုမှာ သွားရောက်ကူညီပေးတဲ့ လူမှုကယ်ဆယ်ရေးအဖွဲ့ဝင် (၅) ဦးလည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအဖွဲ့(မုံရွာမြို့နယ်ရုံး)က ထုတ်ပြန်ချက်အရ သိရပါတယ်။ ထိခိုက်ဒဏ်ရာရရှိမှု ဖြစ်စဥ်မှာတော့ ပထမအကြိမ်ပေါက်ကွဲမှုမှာ ဒဏ်ရာရရှိသူလူနာ (၄) ဦးကို အရေးပေါ်လူနာတင်ယာဉ်များဖြင့် သွားရောက်ခေါ် ဆောင်ပြီး ပြန်လည်ထွက်ခွာဖို့ လုပ်နေတဲ့အချိန်မှာ ဒုတိယအကြိမ် ထပ်မံပေါက်ကွဲသွားခဲ့တာ ဖြစ်ပါတယ်။

Photo Credit - လူမှုကယ်ဆယ်ရေးအဖွဲ့(မုံရွာမြို့နယ်ရုံး)
Photo Credit - လူမှုကယ်ဆယ်ရေးအဖွဲ့(မုံရွာမြို့နယ်ရုံး)
Photo Credit - လူမှုကယ်ဆယ်ရေးအဖွဲ့(မုံရွာမြို့နယ်ရုံး)
Photo Credit - လူမှုကယ်ဆယ်ရေးအဖွဲ့(မုံရွာမြို့နယ်ရုံး)

ထပ်မံပေါက်ကွဲမှုကြောင့် ရွှေမန္တလေး လူမှုကယ်ဆယ်ရေးအ သင်းမှ (၃) ဦးနှင့် ဌာနီရှေ့ လူမှုကယ်ဆယ်ရေးအသင်းမှ (၂) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တာကြောင့် လက်ရှိမှာ မန္တလေးဆေးရုံကြီး အရေးပေါ်ဌာနသို့ ပို့ဆောင်ကုနေကြောင်း သိရပါတယ်။ ယင်းပေါက်ကွဲမှုကို SAF - Special Attacking Force (Upper Burma) အဖွဲ့က လုပ်ဆောင်ခဲ့အကြောင်းကို ၎င်းတို့ရဲ့ လူမှုကွန်ရက် စာမျက်နှာပေါ်မှာ ထုတ်ပြန်ထားတာ တွေ့ရပါတယ်။

Photo Credit - လူမှုကယ်ဆယ်ရေးအဖွဲ့(မုံရွာမြို့နယ်ရုံး)
Photo Credit - လူမှုကယ်ဆယ်ရေးအဖွဲ့(မုံရွာမြို့နယ်ရုံး)

သတင်း အရင်းအမြစ် Source - လူမှုကယ်ဆယ်ရေးအဖွဲ့(မုံရွာမြို့နယ်ရုံး)

Thant Zin Aung
Thant Zin

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T