နိုဝင်ဘာ ၁ ရက်နေ့တွင် ပြန်လည်ဖွင့်လှစ်တော့မယ့် ဘန်ကောက်မြို့က အထင်ကရ ကမ္ဘာကျော် ခေါက်ဆန်လမ်း

//s9.kh1.co/6e/6e8f450b561d245abb636cdb40fd06870136166a.png
နေ့စဉ်သတင်းများ

 ၂၅-အောက်-၂၀၂၁ ၃pm · လွန်ခဲ့သော ၂ နှစ် က

နိုဝင်ဘာ ၁ ရက်နေ့တွင် ပြန်လည်ဖွင့်လှစ်တော့မယ့် ဘန်ကောက်မြို့က အထင်ကရ ကမ္ဘာကျော် ခေါက်ဆန်လမ်း

ထိုင်းနိုင်ငံ ဘန်ကောက်မြို့ကို သွားရောက်လည်ပတ်တော့မယ်ဆိုရင်  အထင်ကရ‌ နေရာများထဲကတစ်ခုဖြစ်တဲ့ ခေါက်ဆန်လမ်းကို သွားရောက်လည်ပတ်သင့်ပါတယ်။ ထိုင်းအခေါ် ‌(Khao San) ရဲ့ မြန်မာလိုအဓိပ္ပာယ်မှာ ဆန်လို့ အဓိပ္ပာယ်ရပြီး တော့ လွန်ခဲ့တဲ့  နှစ်ပါင်း ၂၀ ခန့်က ထိုင်းနိုင်ငံရဲ့ အသက်သွေး ကြောတစ်ခုလို ဖြစ်ခဲ့တဲ့ အကြီးမားဆုံးသော ဆန်ရောင်းဝယ်ဖောက်ကားသည့် အကြီးဆုံး စျေးကြီးတစ်ခု  ဖြစ်ခဲ့ပါတယ်၊၊

Photo Credit - Google
Photo Credit - Google

ယခုချိန်မှာတော့ ခေါက်ဆန်လမ်းဟာ ဘန်ကောက်မြို့ရဲ့ အထင်ကရ‌နေရာတစ်ခု ဖြစ်လာခဲ့ပြီး နိုင်ငံခြားသားများ အများဆုံးလည်ပတ်တဲ့ နေရာတစ်ခု ဖြစ်လာခဲ့ပါတယ်။‌ခေါက်ဆန်လမ်းမှာဆိုရင် ‌ Bar များ၊စားသောက်ဆိုင်များ၊တည်းခိိုခန်းများ၊အနှိပ်ခန်းများ၊ရေချိုးခန်းများ၊Street Food ဆိုင်များ၊အမှတ်တရလက်ဆောင်ပစ္စည်းဆိုင်များနဲ့ လာရောက်လည်ပတ်သူများနဲ့ ပြည့်ညက်လျက်ရှိပြီး စည်ကားလျက်ရှိပါတယ်။

Photo Credit - Google
Photo Credit - Google

ခေါက်ဆန်းလမ်းဟာ ဘန်ကောက်မြို့ရဲ့ မြဘုရားလမ်းရဲ့ မြောက်ဘက် ၁ကီလိုမီတာ အကွာအဝေးမှာ တည်ရှိပါတယ်။

Photo Credit- Google
Photo Credit- Google

ဘတ်စ်ကားနဲ့ ဆို 2,15,42,44,47,59,68,70,79,82,157,159,169,171,183,201,203,503,509,511,512,556  စတဲ့ နံံပါတ်များနဲ့ ခေါက်ဆန်းလမ်းကို ရောက်ရှိပါတယ်၊၊Bangkok Night Light ရဲ့ အထင်ကရ နေရာတစ်ခုဖြစ်တဲ့ ခေါက်ဆန်လမ်းကို ကိုဗစ်ကြောင့် တစ်နှစ်နီးပါးပိတ်ထားရာကနေ ယခု လာမည့် နိုဝင်ဘာ ၁ ရက်နေ့မှာ ပြန်လည် ဖွင့်လှစ်တော့မှာပဲ ဖြစ်ပါတယ်။

Photo Credit - Google
Photo Credit - Google
Hsu Ei Khin
Arche

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T