ဂုဏ်သတင်းမွှေးပျံ့ပြီးကျော်ကြားလှတဲ့ မဟာဗောဓိမြိုင်ဆရာတော်ကြီးဟာ လူသူရှေ့ထွက်ပြီး အပူဇော်မခံခဲ့တာ နှစ်ပေါင်းအားဖြင့် တော်တော်ကြာမြင့်ခဲ့ပြီဖြစ်ပါတယ်။
၂၀၂၁ ဝါတွင်းကာလမှာတော့ ဆရာတော်ကြီးဟာ ကြပ်တည်းမှုတွေနဲ့ရင်ဆိုင်နေရတဲ့ ပြည်သူပြည်သားတွေကို မေတ္တာဓာတ်လွှမ်းခြုံပေးဖ်ို့ရန်အတွက် လူသူရှေ့ အပူဇော်ခံထွက်လာခဲ့ပါတယ်။
ဆရာတော်ကြီးကို လာရောက်ဖူးမြော်သူများဟာ ကြိတ်ကြိတ်တိုးစည်ကားလျက်ရှိခဲ့ပါတယ်။ဆရာတော်ကြီးကို လာရောက်ဖူးမြော်တဲ့အထဲ ဆရာတော်ကြီးရဲ့ အစ်မတော် အဖွားကြည်လည်းပါဝင်ခဲ့သလို ဆရာတော်ကြီး လူဝတ်ကြောင်ဘဝတုန်းက ဇနီးဖြစ်ခဲ့သော ပါရမီဖြည့်ဘက် အဖွားဒေါ်စိန်မေလည်း ပါဝင်ခဲ့ပါတယ်။
ဆရာတော်ကြီးရဲ့ လူဝတ်ကြောင်ဘဝက ပါရမီဖြည့်ဘက်ဖြစ်ခဲ့သော ဇနီးအဖွားဒေါ်စိန်မေဟာ ဆိုရင် မဟာဗောဓိမြိုင်ဆရာတော်ကြီးကို ဖူးမြော်ဖို့ရန်အတွက် သီတင်းကျွတ် လဆန်း ၁၀ ရက်နေ့ နံနက် ၄ နာရီခွဲအချိန်လောက်က Wheel Chair ဖြင့်လာရောက်စောင့်ဆိုင်းခဲ့တယ်လို့ ဆိုပါတယ်။