အစိုးရကျောင်းများ နှင့် ပုဂ္ဂလိကကျောင်းများသာမက ဘုန်းတော်ကြီးပညာသင်ကျောင်းများရှိ ကျောင်းသားကျောင်းသူများကိုပါ ကိုဗစ်ကာကွယ်ဆေးထိုးပေးတော့မည်ဖြစ်ကြောင်းကြားသိရ - Myanmarload

အစိုးရကျောင်းများ နှင့် ပုဂ္ဂလိကကျောင်းများသာမက ဘုန်းတော်ကြီးပညာသင်ကျောင်းများရှိ ကျောင်းသားကျောင်းသူများကိုပါ ကိုဗစ်ကာကွယ်ဆေးထိုးပေးတော့မည်ဖြစ်ကြောင်းကြားသိရ

https://s9.kh1.co/f2/f2c69aacf60d5579b0d84c3d3151043f7cffe4dc.jpg
နေ့စဉ်သတင်းများ
 22-Oct-2021 6pm · 2 months ago

ဘာကြောင့် ကလေးတွေကို ဦးစားပေး ဆေးထိုးပေးရတာလဲဆိုရင်တော့...... (အပြည့်အစုံဖတ်ရန် ပုံ ကိုနှိပ်ပါ)

မြန်မာနိုင်ငံမှာ ကိုဗစ်ရောဂါဝေဒနာကို ခံစားခဲ့ရတာ (၂၀၁၉)ခုနှစ် မတ်လတည်းကဖြစ်ပါတယ်။လက်ရှိမှာ မြန်မာနိုင်ငံ၌ ကိုဗစ်ရောဂါဖြစ်လာတာ အခုဆို တတိယလှိုင်းအထိ ဖြစ်ခဲ့ပြီးပြီဖြစ်ပါတယ်။တတိယလှိုင်းအထိ ရောဂါကူးစက်ခံရသူများ အများအပြားရှိခဲ့တဲ့ အပြင် ကွယ်လွန် ဆုံးပါးခဲ့သူများလည်းများစွာရှိခဲ့ပါတယ်။

https://s9.kh1.co/__image/w=650,h=366,q=100/b0/b038a7b5ae84cf395d34a8e77099ae8dfb9bfc56.jpg
Photo Credit From Google

လက်ရှိမှာ မြန်မာနိုင်ငံကို တရုတ်နိုင်ငံမှ ကာကွယ်ဆေးများရောက်ရှိနေတာဖြစ်ပါတယ်။ထိုဆေးများကို ရပ်ရွာ မြို့နယ်များတွင် အသက်အရွယ်ပေါ်လိုက်၍ မိဘပြည်သူများအား ထိုးပေးနေတာဖြစ်ပါတယ်။များသောအားဖြင့် သက်ကြီးရွယ်အိုများအား အဓိကထား ဆေးထိုးပေးနေတာပဲဖြစ်ပါတယ်။

https://s9.kh1.co/__image/w=650,h=433,q=100/ee/eee6327bb8e5b3de4a4656df6870ad4d57589f55.jpg
Photo Credit From Google

သို့ပေမယ့် စစ်ကောင်စီက လက်ရှိမှာတော့ အသက်(၁၂)နှစ် မှ (၁၈)နှစ်အတွင်းရှိ ကလေးငယ်များအားဆေးထိုးပေးမယ်ဟု ကြေငြာခဲ့တာဖြစ်ပါတယ်။လွန်ခဲ့တဲ့ စက်တင်ဘာလကုန်ခန့်ကလည်း  စစ်ကောင်စီက အောက်တိုဘာလကုန်တွင်ကျောင်းများပြန်ဖွင့်တော့မည်ဟု ကြေငြာထားခဲ့တာမို့ မိဘများအနေနဲ့ ကလေးငယ်များအားကျောင်းဖွင့်တော့မှာမို့ဆေးထိုးပေးနေခြင်းများလားလို့ သို့လောသို့လော မေးစရာများဖြစ်နေကြပါတယ်။

https://s9.kh1.co/__image/w=650,h=434,q=100/7f/7f12c0873cd1a2dfc30f803b4a33666ac11d7e51.jpeg
Photo Credit From Google
https://s9.kh1.co/__image/w=650,h=434,q=100/98/98b33eb511690d74b79e7f5848c2a4142378dc55.jpg
Photo Credit From Google
Thandar Aung
Thandar Aung

ဆက်စပ်ဆောင်းပါး