COVID-19 ကာကွယ်ဆေးမထိုးပဲ ငြင်းလိုက်တာကြောင့် ဒေါ်လာ ၃.၂ သန်းရတဲ့ အလုပ်ကနေအထုတ်ခံလိုက်ရတဲ့ ဘောလုံးနည်းပြ

//s9.kh1.co/96/969862599c122a0989d7817125307a57cd74b6a7.jpg
အားကစားသတင်းများ

 ၁၉-အောက်-၂၀၂၁ ၄pm · လွန်ခဲ့သော ၃ နှစ် က

.

ဝါရှင်တန်ပြည်နယ်ရဲ့ တက္ကသိုလ်က ဘောလုံးနည်းပြဖြစ်သူ Nick Rolovich ဟာ COVID-19 ကာကွယ်ဆေးကို ထိုးဖို့ ငြင်းဆန်ပြီးနောက် ကျောင်းကနေ တနင်္လာနေ့တုန်းက အထုတ်ခံလိုက်ရပါတယ်။ အသက် ၄၂ ရှိပြီဖြစ်တဲ့ Rolovich ဟာ ပြည်နယ်ရဲ့ ဈေးအကြီးဆုံး ၀န်ထမ်းတစ်ယောက်ဖြစ်ပြီး သူရဲ့နှစ်စဉ်လစာဟာ ဒေါ်လာ ၃.၂ သန်းရှိပါတယ်။ ၅ နှစ်လောက်အကြာမှာတော့ သူရဲ့ နှစ်စဉ်လစာဟာ ဒေါ်လာ ၁၅.၆ သန်းထိ တိုးသွားခဲ့ပါတယ်။

https://s9.kh1.co/__image/w=650,h=436,q=100/0c/0c3a7e34ea71fa4e3fb46df82bec7b18120bb45a.webp
https://s9.kh1.co/__image/w=400,h=267,q=100/fb/fb730658df224f4569bec0009af6a108286e8d1c.jpg

သူအလုပ်ထုတ်ခံရတာနဲ့အတူတူ သူရဲ့လက်အောက်က ၀န်ထမ်းလေးယောက်လည်း အထုတ်ခံလိုက်ရပါတယ်။ ခုချိန်မှာတော့ နည်းပြနေရာကို Jake Dickert ကတာ၀န်ယူသွားမှာ ဖြစ်ပါတယ်။ " ဒီလို ကာကွယ်ဆေးမထိုးဘဲ ငြင်းဆိုတာဟာ လုံး၀ လက်ခံစရာမရှိပါဘူး၊ အချိန်နဲ့အမျှ လူတွေဟာ သေဆုံးနေကြရတာပါ၊ ကျွန်တော်တို့ကျောင်းကလည်း ကျောင်းသားတွေရဲ့ ကျန်းမာရေးကို ဦစားပေးထားပါတယ်၊ ဒါကြောင့် ဒီလိုလုပ်ရပ်မ‌‌ျုိးကို ဘယ်လိုမှလက်မခံနိုင်ပါဘူး " ဆိုပြီး ကျောင်းအားကစား ဒါရိုက်တာ Pat Chun ကပြောပြခဲ့ပါတယ်။

https://s9.kh1.co/__image/w=640,h=391,q=100/e6/e6a58cde9694c5fb4346d6cf110ce3605ea6ce82.jpeg
https://s9.kh1.co/__image/w=650,h=479,q=100/0d/0dc782ff71dea8a5d2d4d9eddc9f8ec29d29b2a3.jpg

Rolovich ဟာ ဇူလိုင်လတုန်းက သူအနေနဲ့ ကာကွယ်ဆေးထိုးမှာမဟုတ်ကြောင်းကို ပြောပြခဲ့ဖူးပါတယ်။ မထိုးရတဲ့အကြောင်းကတော့ သူရဲ့ ပုဂ္ဂိုလ်ရေးအရ အကြောင်းပြချက်ပဲဖြစ်ပါတယ်။ " ကျွန်တော်အနေနဲ့တော့ COVID-19 ကာကွယ်ဆေးကို ထိုးသွားမှာမဟုတ်ပါဘူး။ ဒါပေမယ့် ကာကွယ်ဆေးထိုးခံရဖို့ အရွေးခံလိုက်ရတဲ့ သူတွေအပြင် ကျွန်တော့်ရဲ့ ၀န်ထမ်းတွေ ကစားသမားတွေကိုတော့ Support ပေးသွားမှာပါ " ဆိုပြီး ပြောခဲ့ပါတယ်။ ဒါပေမယ့်လည်း Rolovich ကတော့ခုချိန်မှာတော့ လစာ‌ ဒေါ်လာ ၃.၂ သန်း ရတဲ့အလုပ်ကနေ ကာကွယ်ဆေးမထိုးတဲ့အတွက်ကြောင့် အလုပ်ထုတ်ခံလိုက်ရပြီပဲ ဖြစ်ပါတယ်။

https://s9.kh1.co/__image/w=650,h=434,q=100/56/56a5b744dedf5729c6444162b70750aab079cbf0.jpeg

သတင်း အရင်းအမြစ်HUFFPOST

Tun Lin Aung
Aung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T