သီတင်းကျွတ်ပိတ်ရက် ခရီးသွားသူများနှင့် ပြည့်ကျပ်နေသော ရန်ကုန်တိုးဂိတ်အထွက်မြင်ကွင်း - Myanmarload

သီတင်းကျွတ်ပိတ်ရက် ခရီးသွားသူများနှင့် ပြည့်ကျပ်နေသော ရန်ကုန်တိုးဂိတ်အထွက်မြင်ကွင်း

https://s9.kh1.co/9e/9e7fc7aa622d9edc04ed3e6d814d761c8946ef13.jpg
နေ့စဉ်သတင်းများ
 16-Oct-2021 2pm · 2 months ago

သီတင်းကျွတ်ပိတ်ရက် ခရီးသွားသူများနှင့် ပြည့်ကျပ်နေသော ရန်ကုန်တိုးဂိတ်အထွက်မြင်ကွင်း

သီတင်းကျွတ် ပိတ်ရက် ခရီးထွက်ကြရန်အတွက် ရန်ကုန် မြို့ အဝင်အထွက်နေရာဖြစ်တဲ့ တိုးဂိတ်မှာ ဒီကနေ့ အောက်တိုဘာလ ၁၆ ရက်နေ့  ခရီသွားကားများဖြင့် ပြည့်ကျပ် လျှက်ရှိပါတယ်။ မိုးလင်းကနေ နေ့လည်စောင်းအထိ ကားများဖြင့် ပြည့်ကျပ် လျှက်ရှိပြီး အချိန်အတော်ကြာ တိုးဂိတ်ကို ဖြတ်ဖို့အတွက် ကားများ တန်းစီစောင့်ဆိုင်း နေကြတယ်လို့ သိရပါတယ်။

https://s9.kh1.co/__image/w=650,h=315,q=100/ab/ab8638415d089b8de952fc599b7e4184aea21707.jpg
Photo Credit
https://s9.kh1.co/__image/w=650,h=315,q=100/88/887847544773be638bc53a42ae05da649393c2ac.jpg
Photo Credit

ယမန်နှစ်တွေမှာလည်း သီတင်းကျွတ်ပိတ်ရက်တွေဆိုရင် အခုလိုပဲ အမြန်လမ်းမှာ ကားတွေကျပ်လေ့ရှိပေမယ့် ဒီနှစ်မှာတော့ နိုင်ငံရေးအခြေအနေ၊ ကပ်ရောဂါအခြေအနေတို့ကြောင့် ခရီးအထွက်နည်းမယ်လို့ ယူဆခဲ့ကြတာပါ။ အခုလိုမျိုး စည်ကားလျှက် ရှိနေတာတွေရတော့ အံ့သြနေတဲ့သူတွေလည်း ရှိပါတယ်။

https://s9.kh1.co/__image/w=650,h=366,q=100/42/42061055a241037abfcc52fcad6c1c7450abc8c4.jpg
Photo Credit
https://s9.kh1.co/__image/w=650,h=366,q=100/79/79f6beea436e9f4fd1daf48d7d94c8d667e68c50.jpg
Photo Credit 

ဒါ့အပြင် ဧရာဝတီတိုင်း ၊ ပုသိမ်မြို့နယ်ရှိ ချောင်းသာ၊ငွေဆောင်ကမ်းခြေတွေမှာလည်း သီတင်းကျွတ်ရုံးပိတ်ရက်အတွက်  ဟိုတည်၊တည်းခိုခန်းများ အားလုံး ကြိုတင် ဘိုကင်တွေနဲ့ ပြည့်လုနီးပါးဖြစ် နေတယ်လို့ သိရပါတယ်။

Hsu Sandar Aung
Maria Emily Hsu

ဆက်စပ်ဆောင်းပါး