စစ်ကောင်စီ ရဲ့ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်ပါဝင်လာမည့် အာဆီယံအစည်းအဝေးအားကျင်းပပြုလုပ်လိုက်ပါက မြန်မာပြည်သူများအားလုံးရဲ့ ဆန္ဒနှင့် သွေဖယ်သွားမည်ကို မလိုလားသည့်အတွက် ကုလသမဂ္ဂ အကြီးအကဲ အန်တိုနီယို ဂူတာရပ်စ်က အရှေ့တောင်အာရှ ဝန်ကြီးများနှင့် အွန်လိုင်းအစည်းအဝေးတစ်ရပ်ကို ရွှေ့ဆိုင်းရန် နောက်ဆုံးမိနစ်အလို၌ တိုက်တွန်းပြောဆိုခဲ့ကြောင်း ကုလသမဂ္ဂ သံတမန်များက ပြောကြားလာကြောင်းသိရပါတယ်။
စစ်ကောင်စီရဲ့ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင် အပါအဝင်ဖြစ်သော အရှေ့တောင်အာရှနိုင်ငံများအသင်း အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများနှင့် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်တို့၏ အစည်းအဝေးကို သောကြာနေ့ နှောင်းပိုင်းတွင် ပြုလုပ်ရန် စီစဉ်ထားခဲ့ခြင်းဖြစ်ပေမယ့် ဂူတာရပ်စ်က ထိုရက်မရောက်မီကာလတွင်ပင် နိုင်ငံတကာနှင့် ဒေသတွင်း အရေးပေါ် တွန်းအားများအပေါ် ချင့်ချိန်လျက် “အပြန်အလှန် သဘောတူညီမှု ဖွဲ့တည်ခြင်း ရှိလာသည်အထိ” အစည်းအဝေးကို ရွှေ့ဆိုင်းထားရန် အာဆီယံအား တိုက်တွန်းလာခဲ့ပါတယ်။ဒါ့အပြင် ယခုကြားသိချက်များအရ ကုလသမဂ္ဂ ဟာ မြန်မာနိုင်ငံ ကိုယ်စားပြုနေရာတွင် မည်သူအား ထားရှိမည်ကို ကုလအဖွဲ့ဝင် နိုင်ငံများ မဆုံးဖြတ်ရသေးခင်ကပင် ဂူတာရပ်စ်အနေဖြင့် ဆုံးဖြတ်သလိုဖြစ်မည်ကို မလိုလားကြောင်း အမည်မဖော်သည့် ကုလသမဂ္ဂ သံတမန်များက ပြောကြားခဲ့ကြပါတယ်။ ကုလသမဂ္ဂ မြန်မာကိုယ်စားပြုနေရာမှာ စစ်အစိုးရနှင့် အရပ်သားအစိုးရ ခန့်အပ်တဲ့ လက်ရှိ ကုလသမဂ္ဂ သံအမတ်ကြီး ဦးကျော်မိုးထွန်းကြား ယှဉ်ပြိုင်အရေးဆိုလျက် ရှိထားခဲ့ခြင်းဖြစ်ပါတယ်။
ဧပြီလအတွင်းကလည်း ဘုံသဘောတူညီချက် ငါးရပ်ကို မင်းအောင်လှိုင်နှင့် အာဆီယံတို့ သဘောတူညီခဲ့ကြသော်လည်း အာဆီယံ အဖွဲ့ဝင်နိုင်ငံအချို့က စစ်ကောင်စီသည် ယင်းကို အကောင်အထည်ဖော်ရန် ပျက်ကွက်ခဲ့တယ်လို့ ဝေဖနခဲ့ကြပါသေးတယ်။အတွင်းရေးမှူးချုပ် ဂူတာရပ်ဟာ် အာဆီယံဝန်ကြီးများနှင့် ၎င်းရဲ့ တွေ့ဆုံမှုကို ရွှေ့ဆိုင်းရန် မေတ္တာရပ်ခံခဲ့ကြောင်း သောကြာနေ့နှောင်းပိုင်းမှာ ကုလသမဂ္ဂ ပြောခွင့်ရသူ စတီဖင် ဒူရာရစ်က သတင်းထောက်များအား ပြောသော်လည်း ဂူတာရပ်စ်အနေဖြင့် မည်သည့်အတွက် ရွှေ့ဆိုင်းလိုသည်ကိုမူ ရှင်းပြခြင်း လုံးဝမရှိခဲ့တာဖြစ်ပါတယ်။စစ်ကောင်စီ မှ သံတမန်တစ်ဦး ပါဝင်လာမယ့် အစည်းအဝေးတစ်ရပ်ကို တက်ရောက်ခဲ့ပါက မြန်မာပြည်သူများရဲ့ ကုလသမဂ္ဂထံ ကြီးမားလွန်းတဲ့ မျှော်လင့်ချက် ထားထားခြင်းကို ဖျက်ဆီးပစ်ရာ ရောက်လိမ့်မည်ဟု ဦးကျော်မိုးထွန်းက ဂူတာရပ်စ်အား သတိပေးပြောဆိုထားခဲ့တာဖြစ်ပါတယ်။
မြန်မာနိုင်ငံ ကိုယ်စားပြုသူ အသိအမှတ်ပြုရေးနှင့် ပတ်သက်ပြီး ရုရှား၊ တရုတ်နှင့် အမေရိကန်တို့ ပါဝင်လာကြမယ့် ကုလသမဂ္ဂ ကော်မတီတစ်ရပ်က လာမည့်လတွင် စည်းဝေးဆုံးဖြတ်မည် ဖြစ်ပြီး ယင်းမတိုင်ခင်အထိ ဦးကျော်မိုးထွန်းက ကုလသမဂ္ဂ မြန်မာကိုယ်စားပြုသူအဖြစ် ဆက်လက်တည်ရှိနေမဉ်ဖြစ်ကြောင်းသိရပါတယ်။