နှစ်ပေါင်း(၂၀)ကျော်နီးပါး ဖွင့်ခဲ့ပေမယ့် ယခုကာလမှာတော့ နေရာများဖယ်ပေးကာ ဖျက်သိမ်းခဲ့ရတဲ့ ကြည့်မြင်တိုင်ညဈေးလမ်းမကြီးမှ ဈေးဆိုင်တန်းအချို့

//s9.kh1.co/38/38c92204fdc4889046b11a5e694838a2924d6084.jpg
နေ့စဉ်သတင်းများ

 ၁၅-အောက်-၂၀၂၁ ၉am · လွန်ခဲ့သော ၃ နှစ် က

ဆိုင်ပိုင်ရှင်တွေသနားပါတယ်နော်..... (အပြည့်အစုံဖတ်ရန် ပုံ ကို နှိပ်ပါ)

ယခုကာလမှာ မြန်မာနိုင်ငံ၌ စီးပွားရေးလုပ်ငန်းအချို့အဆင်မပြေမှုများကြောင့် အချို့သော ပြည်ပလုပ်ငန်းရှင်များဟာ ရင်းနှီးမြှုပ်နှံမှုများ ရပ်တန့်ခဲ့ရပြီး ပြည်တွင်းလုပ်ငန်းရှင်အချို့မှာလည်း ၎င်းတို့၏ စီးပွားရေးလုပ်ငန်းများကိုရပ်တန့်ခဲ့ရသည်အထိ အဆင်မပြေမှုများစွာဖြစ်လာကြပါတယ်။

Photo Credit From Google
Photo Credit From Google

စီးပွားရေးများအဆင်မပြေရခြင်း၏ အဓိကအကြောင်းအရင်းမှာ ငွေတန်ဖိုး ကျဆင်းပြီး ကုန်ဈေးနှုန်းတန်ဖိုးများမြင့်တက်လာရခြင်းကြောင့်ဖြစ်ပါတယ်။ဈေးဆိုင်ပိုင်ရှင်များမှာလည်း အခုလိုကာလထဲတွင် အတင်းကို အားတင်းရုန်းကန်နေကြရတာကို အားလုံးလည်း မျက်မြင်တွေ့နေကြရပါတယ်။

Photo Credit From Google
Photo Credit From Google

လူအရမ်းစည်ကားပြီး ဈေးဝယ်လို့ကောင်းတဲ့ ဈေးလို့ပြောရင်တော့ ကြည့်မြင်တိုင်ညဈေးက မပါမဖြစ်ပါပဲ။ကြည့်မြင်တိုင်ညဈေးမှာဆိုရင် ဈေးရုံကြီးအပြင် လမ်းမတန်းမှာပါ ဈေးဆိုင်များစွာရှိပြီး အရမ်းကိုစည်ကားခဲ့တဲ့ ဈေးတစ်ခုဖြစ်ပါတယ်။အခုကာလမှာတော့ ဈေးဆိုင်ပိုင်ရှင်တချို့ဟာ ဆိုင်များကို ဖွင့်လှစ်ခြင်းမရှိတော့ တဲ့အပြင် ညဈေးရဲ့ အထင်ကရနေရာ တစ်ခုဖြစ်တဲ့ အဝတ်ဟောင်းတန်းမှ ဈေးဆိုင်အချို့ဟာလည်း ၎င်းတို့နေရာကို ဖယ်ရှားပေးခဲ့ရတယ်လို့ပြည်သူတစ်ဦးက စိတ်မကောင်းဖြစ်စွာ ဆိုလာပါတယ်။အခုလိုကာလမှာ သမာအာဇီဝလုပ်ငန်းများဖြင့်အသက်မွေးဝမ်းကြောင်းပြုနေသူအားလုံး အဆင်ပြေကြပါစေလို့ဆုတောင်းရင်း ဤသတင်းကိုဖော်ပြလိုက်ရပါတယ်။

Photo Credit From ORIGINAL UPLOADER
Photo Credit From ORIGINAL UPLOADER
Photo Credit From ORIGINAL UPLOADER
Photo Credit From ORIGINAL UPLOADER
Photo Credit From ORIGINAL UPLOADER
Photo Credit From ORIGINAL UPLOADER
Photo Credit From ORIGINAL UPLOADER
Photo Credit From ORIGINAL UPLOADER
Thandar Aung
Thandar Aung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T