မိုးရွာထဲမှာ လိမ်းဆေးလေးတွေရောင်းနေတဲ့ အဖိုးအိုကို ပျော်ပျော်ရွှင်ရွှင် အိမ်ပြန်နိုင်အောင် ကူညီပေးလိုက်တဲ့ ပြည်သူတစ်ဦး

//s9.kh1.co/32/327afc274461569c390a7e9801bee1fa3cde479e.jpg
နေ့စဉ်သတင်းများ

 ၁၄-အောက်-၂၀၂၁ ၂pm · လွန်ခဲ့သော ၂ နှစ် က

လိုအပ်နေသူတွေကို ကူညီဖေးမပေးနေတာတွေ့ရတာ မြင်ရသူအဖို့ စိတ်ချမ်းသာလိုက်တာ.....

အခုလို ခေတ်ကာလတွေမကောင်းဘဲ စီးပွားရေးတွေ ကျဆင်းနေတဲ့အချိန်မှာ တစ်နေ့လုပ်မှ တစ်နေ့စားရတဲ့ အခြေခံလက်လုပ်လက်စားတွေအဖို့ စားဝတ်နေရေးပြဿနာကိုတောင် အနိုင်နိုင်ရင်ဆိုင်ဖြေရှင်းနေရပါတယ်။ အခုအလိုအခြေအနေမှာ ဝမ်းစာအတွက် ရုန်းကန်ရှာဖွေနေရတဲ့ အသက်ကြီးရွယ်အိုတွေဟာလည်း  အခက်အခဲတွေ ကြုံတွေ့နေရပါတယ်။ အခုလည်း စေတနာရှင် ပြည်သူတစ်ယောက်က လိမ်းဆေးလေးတွေလုပ်ပြီး ရောင်းချနေတဲ့ အဖိုးတစ်ယောက်ကို ကူညီခဲ့တာပဲ ဖြစ်ပါတယ် ။

Photo Credit : ArrPuu Tuu's Facebook Acc
Photo Credit : ArrPuu Tuu's Facebook Acc

ပြည်သူတစ်ယောက်က နေပူမရှောင် ၊မိုးရွာမရှောင်ဈေးရောင်းနေရတဲ့ အဖိုးဆီကနေ လိမ်းဆေးလေးတွေ ဝယ်ယူလိုက်ပြီး တတ်နိုင်သလောက်လဲ လှူဒါန်းခဲ့ကြောင်း ပြောပြလာခဲ့ပါတယ်။ အဖိုးက လိမ်းဆေးလေးတွေကို ကိုယ်တိုင်ယူပြီး လုပ်ရောင်းတာပါ။ မိုးတွေက ရွာနေလို့ ဘယ်သူ့မှလည်း မဝယ်ကြကြောင်းကို ပြောပြထားတာလည်း ဖြစ်ပါတယ်။

Photo Credit : ArrPuu Tuu's Facebook Acc
Photo Credit : ArrPuu Tuu's Facebook Acc

သူ့ရဲ့ လူမှုကွန်ယက်စာမျက်နှာထက်မှာ “ ကျေးဇူးပါ သားရယ်...မိုးရွာနေတော့ ဘယ်သူမှ မဝယ်ကြဘူး။ သားလေးရယ်...တဗူးလောက် အားပေးပါလား..(အားကိုးတကြီး လှမ်းခေါ်တယ်)။ ဟုတ် အဖိုး...ဘာတွေ ရောင်းတုန်း? ?လိမ်းဆေးလေးတွေပါ သားရယ်...  အဖိုး ကိုယ်တိုင် ယူပီ လုပ်ရောင်းတာပါ...တဗူးလောက် အားပေးပါလား ? ဟုတ်...ဘယ်လိုရောင်းတုန်း အဖိုး? တဗူး...500 Ks ပါ သားရေ...ကျွတ်ကျွတ်အိတ်နဲ့က 1,000 Ks ပါ သားရေ … ဟုတ် အဖိုး...မိုးတွေရွာနေတာ တကိုယ်လုံးလဲ ရွဲနေရော ဟုတ်တယ်...မိုးရွာထဲ ရောင်းတာတောင် စျေးဦးမပေါက်ဘူး သားရယ် ဟုတ် အဖိုး...ဘယ်နှဗူး ရှိလဲ...အကုန်ယူမယ်နော်  ဟာ...တကယ် ယူမှာလား... တကယ် ယူမှာ အဖိုး...တွက်ကြည့်ရအောင် (အားလုံး 17,000 Ks ဖိုးရှိတယ်) ရော...အဖိုး 50,000 Ks နော်...ပိုတာ ပြန်မအမ်းနဲ့ ယူလိုက်တောနော် ..

Photo Credit : ArrPuu Tuu's Facebook Acc
Photo Credit : ArrPuu Tuu's Facebook Acc

ဟာ...ဝမ်းသာလိုက်တာ...ဆေးဖိုးတွေ ဆိုင်မှာ သွားသွင်းမယ်...ပြီရင် မိသားစုတွက် စားစရာတွေ ဝယ်ပြန်တော့မယ် ။ ကျေးဇူးပါ သားရယ်...တခါမှ ခုလို အကုန်မရောင်းရဖူးဘူး...ကျန်းမာပါစေ ဘေးကင်းပါစေ သားရယ်....ဟုတ် အဖိုး အိမ်ပြန်တော့နော်...အဖိုး မိုးရေတွေ ရွဲနေတာ နေမကောင်းဖစ်မယ် ပြန်နားတော့နော်။ အော...ပိုက်ဆံလေး ထိုင်ရေနေပီ...ပျော်နေရှာတဲ့ အဖိုး" ဆိုပြီး ရေးသားထားခဲ့ပါတယ်။ အဖိုးဆီကနေ ဆေးတွေအကုန်လုံး ဝယ်ယူပေးနေတဲ့ ပြည်သူတစ်ဦးရဲ့ ပုံရိပ်လေးတွေကို ပြန်လည်ဖော်ပြပေးလိုက်ရပါတယ်။

Photo Credit : ArrPuu Tuu's Facebook Acc
Photo Credit : ArrPuu Tuu's Facebook Acc

Source : ArrPuu Tuu's Facebook Acc

Cherry Nwe Oo
Cherry

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T