မြောက်ကိုရီးယား ခေါင်းဆောင် ကင်မ်ဂျုံအန်းရဲ့ရှေ့မှောက်မှာ သူ့ရဲ့အထူးတပ်ဖွဲ့က ရက်စက်ကြမ်းကြုတ်တဲ့ ကိုယ်ခံပညာစွမ်းရည်ကို ထုတ်ဖော်ပြသခဲ့တဲ့ ရုပ်သံဖိုင် - Myanmarload

မြောက်ကိုရီးယား ခေါင်းဆောင် ကင်မ်ဂျုံအန်းရဲ့ရှေ့မှောက်မှာ သူ့ရဲ့အထူးတပ်ဖွဲ့က ရက်စက်ကြမ်းကြုတ်တဲ့ ကိုယ်ခံပညာစွမ်းရည်ကို ထုတ်ဖော်ပြသခဲ့တဲ့ ရုပ်သံဖိုင်

https://s9.kh1.co/10/1081bace4a2e9e8f9298324d8e554cd74c0037b0.jpg
နေ့စဉ်သတင်းများ
 14-Oct-2021 11am · 5 days ago

.

အောက်တိုဘာ (၁၃) ရက်နေ့က ကျင်းပပြုလုပ်ခဲ့တဲ့ မြောက်ကိုရီးယား စစ်ရေးပြသမှုနှင့် လက်နက်ပြပွဲကို မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်းက တက်ရောက်ကြည့်ရှုခဲ့ကြောင့် နိုင်ငံတကာ သတင်းများကဖော်ပြလာခဲ့ပါတယ်။ အဆိုပါအခမ်းအနားမှာ ဖျော်ဖြေရေးတစ်ရပ်အနေနဲ့ အထူးတပ်ဖွဲ့က ရက်စက်ကြမ်းကြုတ်တဲ့ ကိုယ်ခံပညာစွမ်းရည်ကို ထုတ်ဖော်ပြသခဲ့တယ်လို့ ဆိုပါတယ်။

https://s9.kh1.co/__image/w=600,h=379,q=100/55/55c5945c15360649b396dfcdc65898a4f9f452ee.jpg
Photo Credit - Original Upload
https://s9.kh1.co/__image/w=600,h=388,q=100/14/14f3894f279689b60a10a9d4f5d253ddeee79490.jpg
Photo Credit - Original Upload

ခေါင်းဆောင် ကင်မ်ဂျုံအန်းနဲ့အတူ အဆိုပါအခမ်းအနားမှာ အရာရှိများ၊ သူ့ရဲ့အစ်မနှင့်အနီးကပ်အကြံပေး Kim Yo Jong တို့လည်း ရှိနေခဲ့တာဖြစ်ပါတယ်။ အထူးစစ်တပ်ရဲ့ ကိုယ်ခံပညာစွမ်းရည်ကို ထုတ်ဖော်ပြသမှုတွေကိုလည်း ကင်မ်ဂျုံအန်းက သဘောကျခဲ့ပြီး ချီးမွမ်းခဲ့ကြောင်းလည်း ထည့်သွင်းဖော်ပြပေးခဲ့ပါတယ်။ ယခုအခမ်းအနားဟာ အာဏာရအလုပ်သမားပါတီတည်ထောင်ခြင်းနှစ်ပတ်လည်အထိမ်းအမှတ်ရဲ့ တစ်စိတ်တစ်ပိုင်းလည်း ဖြစ်ပါတယ်။

https://s9.kh1.co/__image/w=600,h=441,q=100/3a/3a14883a4b0addb792694cb54ecc08a7cf07e8a5.jpg
Photo Credit - Original Upload

နိုင်ငံသတင်းများရဲ့ ဖော်ပြလာခဲ့တဲ့ ရုပ်သံဖိုင်တွေအရ အင်္ကျီမပါတဲ့ အထူးစစ်သည်တော်များဟာ ဖန်ပုလင်းများအား ထုခွဲပြသခြင်း ၊ ရင်ဘတ်ပေါ်တွင် ထူတဲ့ကွန်ကရစ်တုံးတစ်ခုကိုတင်ပြီး အခြားစစ်သားက ထုခွဲပြသခြင်း ၊ ဦးခေါင်းတွေကို တုတ်ဖြင့် ရိုက်ချိုးပြသခြင်း၊ လည်ပင်းနှင့် သံချောင်းကို ကွေးအောင်းလုပ်ပြကြတဲ့အပြင် ခန္ဓာကိုယ်ပေါ်က သံကြိုးတွေကို ဖြတ်တောက်ပြခြင်းများဖြင့် ဖျော်ဖြေခဲ့တာ တွေ့ရပါတယ်။

သတင်းအရင်းအမြစ်Source - The National

Zin Myo
Zin Myo

ဆက်စပ်ဆောင်းပါး