အထပ်မြင့် အဆောက်အဦးတစ်လုံးကို ဖြိုချနေရင်း ရုတ်တရက်ပြိုကျမှုကြောင့် backhoeနှင့်အတူ စက်မောင်းသမားပါ ပိမိသွားခဲ့တဲ့ ရုပ်သံဖိုင်

//s9.kh1.co/54/54d1b7400732a4030856d8d37726ad8f691ec197.jpg
နေ့စဉ်သတင်းများ

 ၁၃-အောက်-၂၀၂၁ ၁၁am · လွန်ခဲ့သော ၃ နှစ် က

.

ထိုင်းနိုင်ငံက လုပ်ငန်းခွင်တစ်ခုမှာ အထပ်မြင့်အဆောက်အဦးတစ်လုံးအား ဖြိုချဖျက်စီးနေစဥ်အတွင်း လူပိတ်မိမှုဖြစ်ပွားခဲ့တဲ့ ရုပ်သံဖိုင်တစ်ခုကို ထိုင်းရုပ်သံသတင်များက ဖော်ပြလာခဲ့တာတွေ့ရပါတယ်။ အဆိုပါ ဖြစ်ရပ်ဟာ အောက်တိုဘာ (၁၂) ရက်နေ့က ထွန်ဘူရီမြို့ ဘန်ခဲန်စီရင်စု ပရာချာချွန်းနွန်း လမ်းအမှတ် ၇/၈က လုပ်ငန်းခွင်တစ်ခုမှာ ဖြစ်သွားခဲ့တာ ဖြစ်ပါတယ်။

Photo Credit - One Online
Photo Credit - One Online
Photo Credit - One Online
Photo Credit - One Online

ရုပ်သံဖိုင်တွေအရ အထပ်(၈)ထပ်ပါတဲ့ အဆောက်အဦးကို အောက်ခြေကနေ backhoe ဖြင့် ဖြို့ချနေစဥ်မှာ ရုတ်တရက်ပြိုကျသွားခဲ့တာ ဖြစ်ပါတယ်။ ဒီလိုပြိုကျခဲ့မှုကြောင့် အဆောက်အအုံက အင်္ဂတေအပျက်အစီး တချို့ဟာ backhoe ပေါ်သို့ ကျရောက်ခဲ့ပြီး backhoeမောင်းသမားပါ ပိမိသွားခဲ့တာဖြစ်ပါတယ်။ ကယ်ဆယ်ရေးအဖွဲ့များ အင်္ဂတေအပျက်အစီးအောက်မှာ ပိမိနေတဲ့ backhoe မောင်းသမားကို အချိန်တော်တော်ကြာ ကယ်ထုတ်ခဲ့ရတယ်လို့ ဖော်ပြထားပါတယ်။

Photo Credit - One Online
Photo Credit - One Online
Photo Credit - One Online
Photo Credit - One Online

ပိမိနေတဲ့ backhoe မောင်းသမားကတော့ အသက်အန္တရယ်မဖြစ်ပေမယ့် ညာဘက်ခြေထောက် အနည်းငယ်ထိခိုက်မှုရှိတာကြောင့် ဆေးရုံသို့ပို့ဆောင်ပေးခဲ့ကြောင်း သိရပါတယ်။ အဆိုပါအဆောက်အဦးကို ပြီးခဲ့တဲ့ စက်တင်ဘာလ (၁၅) ရက်နေ့ကတည်းက ရက်ပေါင်း (၁၂၀)အတွင်းပြီးစီဖို့ စတင်ဖြိုချနေတာဖြစ်ပါတယ်။ အဆောက်အဦးပြိုကျခဲ့တဲ့ အကြောင်းအရင်းကိုလည်း ထိုင်းရဲတပ်ဖွဲ့က ဆက်လက်စုံစမ်းနေကြောင်း သိရပါတယ်။

သတင်း အရင်းအမြစ်Source - One Online

Thant Zin Aung
Thant Zin

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T