လူ (၂) ဦးထက်မနည်းသေဆုံးပြီး လူနေအိမ်တချို့ မီးလောင်ပျက်စီးခဲ့ရတဲ့ ကယ်လီဖိုးနီးယားပြည်နယ်က လေယာဥ်ပျက်ကျမှု

//s9.kh1.co/38/38ec83b50f906fbe4d2e205ca006bc4da5da9914.jpg
နေ့စဉ်သတင်းများ

 ၁၂-အောက်-၂၀၂၁ ၅pm · လွန်ခဲ့သော ၂ နှစ် က

.

ကယ်လီဖိုးနီးယားပြည်နယ် လော့အိန်ဂျလိစ်မြို့ရဲ့ တောင်ဘက် (၂၂၀) ကီလိုမီတာအကွာရှိ Santee မြို့မှာ အောက်တိုဘာ (၁၁) ရက်နေ့က လူနေအိမ်များထဲသို့ လေယာဉ်ငယ်တစ်စင်း ပျက်ကျမှု ဖြစ်ပွားခဲ့ရာ လူ (၂) ဦးထက်မနည်း သေဆုံးသွားကြောင်း Daily Mail သတင်းဌာနက ဖော်ပြလာခဲ့ပါတယ်။ အဆိုပါလေယာဉ်ငယ်ဟာ အရီဇိုးနားပြည်နယ် Yuma မြို့မှ ပျံတက်လာပြီး ဒေသစံတော်ချိန် မွန်းလွဲ (၁၂)နာရီ (၁၅)မိနစ် အချိန်မှာ ပျက်ကျသွားခဲ့တာ ဖြစ်ပါတယ်။

Photo Credit - Daily Mail News
Photo Credit - Daily Mail News
Photo Credit - Daily Mail News
Photo Credit - Daily Mail News
Photo Credit - Daily Mail News
Photo Credit - Daily Mail News

အဆိုပါ ပျက်ကျခဲ့တဲ့ Cessna 340A လေယာဉ်ဟာ ထိုင်ခုံ (၆ )ခု ပါရှိပြီး ပစ္စတင်အင်ဂျင် (၂)လုံး တပ်ဆင်ထားတယ်လို့ ဆိုပါတယ်။ ဖော်ပြလာတဲ့ ရုပ်ပုံတွေအရ မီးသတ်သမားများဟာ လေယာဥ်ပျက်ကျမှုကြောင့် မီးလောင်သွားတဲ့ လူနေအိမ်နှစ်လုံးနဲ့ ရပ်နားထားတဲ့ကားများကို မီးငြှိမ်းသတ်နေတာ တွေ့မြင်ရပါတယ်။

Photo Credit - Daily Mail News
Photo Credit - Daily Mail News
Photo Credit - Daily Mail News
Photo Credit - Daily Mail News
Photo Credit - Daily Mail News
Photo Credit - Daily Mail News

တာဝန်ရှိသူများက ထိခိုက်ပျက်စီးသွားတဲ့ နေအိမ်များမှ မိသားစုတွေဟာ အန္တရာယ်ကင်းစွာ ထွက်ခွာနိုင်ခဲ့ခြင်း ရှိမရှိကို အတည်ပြုရန် ဆောင်ရွက်နေဆဲ ဖြစ်ကြောင်းလည်း ရေးသားထားပါတယ်။ ဒါ့အပြင် လေယာဉ်ပျက်ကျတဲ့အကြောင်းရင်းကိုလည်း ဆက်လက် စုံစမ်းစစ်ဆေးနေတယ်လို့လည်း ဆိုပါတယ်။ အောက်မှာ ဖော်ပြပေးတဲ့ ရုပ်သံဖိုင်ကတော့ လေယာဥ်ပျက်ကျမှုကြောင့် လူနေအိမ်တချို့ မီးလောင်ကျွမ်းနေချိန်မှာ လမ်းသွားလမ်းလာသူတစ်ဦးက မှတ်တမ်းတင် ရိုက်ကူးထားတဲ့ ရုပ်သံဖိုင်ပဲ ဖြစ်ပါတယ်။

သတင်း အရင်းအမြစ်Source - Daily Mail / ABC News

Thant Zin Aung
Thant Zin

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T