HBO ရဲ့ OZ ဇာတ်လမ်းတွဲမှာ Zahie Arif အဖြစ်ပါဝင်သရုပ်ဆောင်ခဲ့တဲ့ Granville Adams ဟာဆိုရင် ရှည်လျားလှတဲ့ကင်ဆာရောဂါနှင့် တိုက်ပွဲကြီးမှာ ကျဆုံးသွားပြီပဲဖြစ်ပါတယ်။ Granville Adams သေဆုံးကြောင်းကို Oz ရဲ့ showrunner နှင့် executive producer ဖြစ်တဲ့ Tom Fontana က တနင်္ဂနွေနေ့ အောက်တိုဘာ ၁၀ ရက်နေ့က ဝမ်းနည်းကြောင်းစာရေးတင်ပြီး အတည်ပြုပေးထားတာဖြစ်ပါတယ်။
Granville သေဆုံးကြောင်းနှင့်ပတ်သတ်ပြီး သူငယ်ချင်းဖြစ်သူ winter ကလည်း စိတ်မကောင်းကြောင်း သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာမှာ အခုလိုရေးတင်ထားပါတယ်။ “ကျွန်တော် Granny နဲ့ စတွေ့တာ ၁၉၉၂ ခုနှစ်လောက်တုန်းကပါ။ သူ့အပြုံးတွေက ဆွဲဆောင်မှုရှိတယ်။ သူ့ရယ်သံတွေက တကယ်မိုက်တယ်။ သူကလေ အခြားသူမကောင်းကြောင်း တစ်ခါမှကိုမပြောဖူးဘူးဗျာ ..ဒီလောက်စိတ်ကောင်း ရှိတဲ့လူ သေချာပေါက်ကိုနောက်ဘဝရောက်ရင် ကောင်းတဲ့ဘုံဘဝကိုရောက်မှာပါဗျာ … သူငယ်ချင်းရေ မင်းက ငါ့သတိရနေမယ့် သူငယ်ချင်းဖြစ်နေဦးမှာပေါ့ကွာ ။” လို့ရေးတင်ထားပါတယ်။
Granville Adams ဟာ Arif အဖြစ် Oz ဇာတ်လမ်းတွဲ ၄၈ ပိုင်းလုံးမှာ ပါဝင်သရုပ်ဆောင်ခဲ့ရုံသာမက Homicide: Life on the street နှင့် Empire ဇာတ်လမ်းတို့မှာလည်း ပါဝင်သရုပ်ဆောင်ခဲ့ပါတယ်။