တောင်နံရံကို အရှိန်နဲ့ဝင်တိုက်မိပြီး တိမ်းမှောက်သွားခဲ့လို့ လူအများအပြားထိခိုက်ဒဏ်ရာရရှိခဲ့တဲ့ မြဝတီ-ကော့ကရိတ် အာရှလမ်းမကြီးပေါ်က ယာဥ်မတော်တဆမှု

//s9.kh1.co/75/7553cce02a79677bcb761dad1016ecb3e25cd3e9.jpg
နေ့စဉ်သတင်းများ

 ၁၁-အောက်-၂၀၂၁ ၁၂pm · လွန်ခဲ့သော ၃ နှစ် က

.

ယခုတလော မြို့နယ်တချို့တွေမှာ မီးလောင်မှုတွေအပြင် ယာဥ်မတော်တဆဖြစ်မှုတွေလည်း နေ့စဥ်ဆက်တိုက်ဆိုသလို ပိုမိုဖြစ်ပွားလာတာ တွေ့ရပါတယ်။ ယခုမှာလည်း ကရင်ပြည်နယ်အတွင်းမှာ လူအများအပြားလိုက်ပါလာတဲ့ မြေသည်ယာဥ်တစ်စီး တိမ်းမှောက်မှုဖြစ်ခဲ့ကြောင့် စိတ်မကောင်းစွာကြားသိရပါတယ်။ မြေသည်ယာဉ်တိမ်းမှောက်ခဲ့တဲ့ နေရာကတော့ မြဝတီ-ကော့ကရိတ် အာရှလမ်း ကွမ်းခြံကွေ့ကုန်း အဆင်းနေရာမှာ အောက်တိုဘာ (၁၁) ရက် ယနေ့ နံနက် (၇) နာရီအချိန်ခန့်က ဖြစ်သွားခဲ့တာဖြစ်ပါတယ်။

Photo Credit -သင်္ဃန်းညီနောင် လူမှုကူညီရေးအဖွဲ့
Photo Credit -သင်္ဃန်းညီနောင် လူမှုကူညီရေးအဖွဲ့
Photo Credit -သင်္ဃန်းညီနောင် လူမှုကူညီရေးအဖွဲ့
Photo Credit -သင်္ဃန်းညီနောင် လူမှုကူညီရေးအဖွဲ့

ကော့ကရိတ်ဘက်ကနေ မြဝတီဘက်ကိုလာတဲ့ မြေသည်ယာဉ်ဟာ အာရှလမ်း ကွမ်းခြံကွေ့ကုန်းဆင်းအရောက်မှာ အရှိန်မထိန်းနိုင်ဘဲ တောင်နံရံကို ဝင်တိုက်မိပြီး တိမ်းမှောက်သွားခဲ့တာ ဖြစ်ပါတယ်။ ယာဥ်မတော်တဆမှုကြောင့် ယာဉ်ပေါ်ပါလာသူ (၂၃) ဦးခန့်မှာ ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ကလေးငယ်တွေလည်း ပါဝင်တယ်လို့ သိရပါတယ်။ အဆိုပါ ထိခိုက်ဒဏ်ရာရရှိသူတွေကိုတော့ မြဝတီခရိုင်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သင်္ဃန်းညီနောင် လူမှုကယ်ဆယ်ရေး အဖွဲ့ကဖော်ပြထားပါတယ်။

Photo Credit -သင်္ဃန်းညီနောင် လူမှုကူညီရေးအဖွဲ့
Photo Credit -သင်္ဃန်းညီနောင် လူမှုကူညီရေးအဖွဲ့
Photo Credit -သင်္ဃန်းညီနောင် လူမှုကူညီရေးအဖွဲ့
Photo Credit -သင်္ဃန်းညီနောင် လူမှုကူညီရေးအဖွဲ့

မြဝတီ-ကော့ကရိတ် အာရှလမ်းမကြီးပေါ်မှာ အလားတူ ယာဥ်မတော်တဆ တိမ်းမှောက်မှုတွေကလည်း မကြာခဏ ဖြစ်ပွားတတ်တဲ့ နေရာတစ်ခုပဲ ဖြစ်ပါတယ်။ ယခုဖြစ်စဥ်မှာလည်း လိုက်ပါလာသူ အများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့ပေမယ့် လူသေဆုံးမှုမဖြစ်ခဲ့တာကတော့ အဆိုးထဲကအကောင်းလို့ပဲ ပြောလို့ရပါတယ်။ ယာဉ်မောင်းသူများအနေဖြင့်လည်း ယာဉ်မကြာခဏ တိမ်းမှောက်မှုများ ဖြစ်ပွားလေ့ရှိတဲ့ အဆိုပါလမ်းကို အသုံးပြုရင်လည်း အထူးသတိရှိကြဖို့ တိုက်တွန်းလိုက်ပါတယ်။

Photo Credit -သင်္ဃန်းညီနောင် လူမှုကူညီရေးအဖွဲ့
Photo Credit -သင်္ဃန်းညီနောင် လူမှုကူညီရေးအဖွဲ့

သတင်း အရင်းအမြစ်Source - သင်္ဃန်းညီနောင် လူမှုကူညီရေးအဖွဲ့

Thant Zin Aung
Thant Zin

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T