ဘရာဇီးလ်မှာ အနည်းဆုံးလူ(၆)ဦး သေဆုံးခဲ့တဲ့အထိ ဧရာမသဲမုန်တိုင်းကြီး တိုက်ခိုက်ခတ်ခဲ့တဲ့ ထိပ်လန့်စရာ ရုပ်သံဖိုင်

//s9.kh1.co/a1/a1b5602beed8fc6418dcd3e89e55ae273b9c8a63.jpg
နေ့စဉ်သတင်းများ

 ၁၁-အောက်-၂၀၂၁ ၁၁am · လွန်ခဲ့သော ၃ နှစ် က

.

ဘရာဇီးလ်နိုင်ငံ အရှေ့တောင်ပိုင်းရှိ São Paulo ပြည်နယ်က Barretos မြို့နှင့် Cantanduva မြို့များမှာ ရာသီဥတုပူပြင်းခြောက်သွေ့မှုကြောင့် ရက်သတ္တပတ်အတွင်း အင်အားပြင်း သဲမုန်တိုင်းများတိုက်ခတ်ခဲ့တယ်လို့ နိုင်ငံသတင်းများက ဖော်ပြလာခဲ့ပါတယ်။ အဆိုပါ သဲမုန်တိုင်းဟာ တစ်နာရီလျှင် ကီလိုမီတာ (၁၀၀) နှုန်းဖြင့် မိနစ် (၂၀) အကြာတိုက်ခတ်ခဲ့တာ ဖြစ်ပါတယ်။

PhotoCredit -East Mojဝ
PhotoCredit -East Mojဝ
PhotoCredit -East Mojo
PhotoCredit -East Mojo

သဲမုန်တိုင်းတိုက်ခတ်မှုကြောင့် အနည်းဆုံးလူ (၆) ဦးသေဆုံးခဲ့ရပြီး ဒါဟာ နှစ်ပေါင်း (၉၀) အတွင်း အဆိုးရွားဆုံးသဲမုန်တိုင်းတိုက်ခတ်မှုဖြစ်တယ်လို့လည်း ဆိုထားပါတယ်။ အလားတူ ပြီးခဲ့တဲ့ စက်တင်ဘာလ (၂၆) ရက်နေ့ကလည်း သဲမုန်တိုင်း (၁)ကြိမ်ကျရောက်ခဲ့သလို ယခုတစ်ခါကတော့ လူသေမှုဖြစ်ပေါ်ခဲ့ပြီး သစ်ပင်များ၊ လူနေအိမ်များ ထိခိုက်ပျက်စီးခဲ့ပါတယ်။

PhotoCredit -East Mojo
PhotoCredit -East Mojo

နိုင်ငံသတင်းများရဲ့ ရုပ်သံဖိုင်တွေအရ São Paulo မြို့အနောက်မြောက်ဘက် Ilha Solteira ဘက်ကနေ တိုက်ခတ်လာတဲ့ သဲမုန်တိုင်းဟာ ပြည်နယ်အတွင်းရှိ အခြားမြို့များကိုဖုံးလွှမ်းစေခဲ့ပြီး ကောင်းကင်တစ်ခုလုံးဟာ လိမ္မော်ရောင်နှင့်အညိုရောင်တို့ကိုပြောင်းလဲခဲ့တာ ဖြစ်ပါတယ်။ ဒီရုပ်သံဖိုင်တွေကတော့ သဲမုန်တိုင်းတိုက်ခတ်လာချိန် မြို့အတွင်းရှိ ဒေသခံများက ရိုက်ကူးထားခဲ့တာလို့ ဆိုပါတယ်။

သတင်း အရင်းအမြစ်Source - East Mojo/ AccuWeather

Thant Zin Aung
Thant Zin

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T