ဗလီအတွင်း ဝတ်ပြုဆုတောင်းနေချိန် အသေခံဗုံးဖောက်ခွဲမှုကြောင့် သေဆုံးသွားသူတွေရဲ့ ရုပ်အလောင်းတချို့ကို တစ်စစီလိုက်လံကောက်ယူနေရတဲ့ ရုပ်သံဖိုင်

//s9.kh1.co/e7/e79a22c8e29a8e84ffefd133b4d28cc8e9acde14.jpg
နေ့စဉ်သတင်းများ

 ၁၀-အောက်-၂၀၂၁ ၁၂pm · လွန်ခဲ့သော ၃ နှစ် က

.

အာဖဂန်နစ္စတန်နိုင်ငံ မြောက်ပိုင်းက ကွန်ဒက်ဇ် ပြည်နယ်က ရှီယိုက်ဗလီတစ်ခုမှာ အောက်တိုဘာ(၈) ရက်နေ့ နေ့လည် (၂)နာရီခန့်လောက်မှာ အသေခံဗုံးခွဲတိုက်ခိုက်မှု ဆိုးဆိုးရွားရွား ဖြစ်ပွားခဲ့ပါတယ်။ ယင်းပေါက်ကွဲမှုကြောင့် ဝတ်ပြုနေသူ စုစုပေါင်း (၄၃) ဦး သေဆုံးခဲ့ပြီး (၁၄၃) ဦး ဒဏ်ရာရရှိခဲ့တယ်လို့ တာလီဘန်တွေက ဆိုထားကြောင်း နိုင်ငံတကာသတင်းများက ဖော်ပြထားပါတယ်။

PhotoCredit - A News
PhotoCredit - A News
PhotoCredit - A News
PhotoCredit - A News

ရှီယိုက် လူနည်းစု အစ္စလာမ်ဘာသာဝင်တွေဟာ အဲ့ဒီနေ့က ဗလီမှာဝတ်ပြုဆုတောင်းဖို့ လူပေါင်းများစွာ လာရောက်စုဝေးနေခဲ့ကြတဲ့ အချိန်ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ ဒီအသေခံ ဗုံးဖောက်ခွဲမှုဟာ ဗလီမှာ ဝတ်ပြုဆုတောင်းသူတွေကို သေကြေပျက်စီးစေဖို့နဲ့ ထိခိုက်ဒဏ်ရာရရှိစေဖို့ ရည်ရွယ်ချက်ထားပြီး လုပ်ဆောင်တာဖြစ်တယ်လို့ တာလီဘန်အကြီးအကဲ ဇဘူဟူလာ မူဂျာဟစ်က ဆိုပါတယ်။

PhotoCredit - A News
PhotoCredit - A News

ဗလီအတွင်း ဗုံးဖောက်ခွဲမှုကိုတော့ မည်သည့်အဖွဲ့က လုပ်ဆောင်ခဲ့ကြောင်း တာလီဘန်အာဏာပိုင်တွေက လက်ရှိ စုံစမ်းနေတုန်းပဲဖြစ်ပါတယ်။ ပျံ့နှံ့လာခဲ့တဲ့ ရုပ်သံဖိုင်တွေထဲမှာတော့ ဗလီမှာပေါက်ကွဲမှုဖြစ်ပွားချိန် သက်ဆိုင်သူ ဆွေမျိုးသားချင်းတွေရဲ့ ငိုယိုသံတွေကြားနေရသလို ပြင်းထန်တဲ့ ပေါက်ကွဲမှုဒဏ်ကြောင့် ဗလီအတွင်း သေဆုံးနေသူတွေရဲ့ ရုပ်အလောင်းတွေကို သွေးသံတရဲရဲတွေကြားမှာ တစ်စစီလိုက်လံ ကောက်ယူနေတာ တွေ့ရပါတယ်။

သတင်း အရင်းအမြစ်Source - ANews

Thant Zin Aung
Thant Zin

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T