မြန်မာ့ဘောလုံး အားကစားမှာ တိုက်စစ်ကစားသမားကောင်းတစ်ဦးဖြစ်တဲ့ မောင်မောင်လွင် ကို ပရိတ်သတ်ကြီးအနေနဲ့ သိကြမှာပါ။သူ့ရဲ့ ကျွမ်းကျင်ပိုင်နိုင်ပြီး သပ်ရပ်လှတဲ့ခြေစွမ်းကြောင့် ပရိတ်သတ်အများစုရဲ့ အားပေးမှုကိုရရှိထားတဲ့ကစားသမားဖြစ်ပါတယ်။
လက်ရှိမှာ သူဟာ ရန်ကုန်ယူနိုက်တက်အသင်းမှာ ကစားနေတာဖြစ်ပါတယ်။ဒါ့အပြင် ကောင်းမွန်လှတဲ့ ခြေစွမ်းတွေကြောင့် မြန်မာနိုင်ငံဘောလုံးအသင်းမှာ လက်ရွေးစင်အဖြစ်ရွေးချယ်ခံထားရခြင်းဖြစ်ပါတယ်။
လက်ရှိမှာ သူနဲ့ ယခင် အာဆင်နယ်နည်းပြဟောင်း အာဆင်ဝင်းဂါး တို့ Zoom Meeting မှတဆင့် စကားပြောဆွေးနွေးနေတဲ့ရုပ်သံဟာအရမ်းပေါက်နေပါတယ်။တစ်နှစ်နဲ့တစ်နှစ်ခြေစွမ်းကောင်းမွန်လာတဲ့ မောင်မောင်လွင်အတွက်လည်း မြန်မာပရိတ်သတ်အများစုက ဒါဟာကောင်းတဲ့အခွင့်အရေးတစ်ခုဖြစ်ပါစေလို့ ဝိုင်းဆုတောင်းပေးနေကြပါတယ်။