ကချင်ပြည်နယ် ၊ မြစ်ကြီးနားမြို့ ၊ ရထားဘူတာအနီးတွင် ယမန်နေ့ ၄ ရက်နေ့ ည ၈နာရီခန့်က သုံးဘီးယာဉ်တစ်စီးနှင့် Mark II ကားတစ်စီး မတော်တဆမှု ဖြစ်ပွားခဲ့ပါတယ်။
ပုံပါဓာတ်ပုံများအရ သုံးဘီးယာဉ်တိမ်းမှောက်သွားတဲ့အနေအထားမှာရှိပြီး Mark II ယာဉ်ကတော့ ရှေ့ပိုင်းတစ်ခုလုံးပျက်စီးသွားပါတယ်။
လူသေဆုံးသူမရှိဟုသိရပြီး နှစ်ဦးနှစ်ဖက်ထိခိုက်ဒဏ်ရာ အနည်းငယ်သာရသွားကြောင်းသိရပါတယ်။ အခုနောက်ပိုင်း ညဘက်ယာဉ်တိမ်းမှောက်မှုတွေ မြန်မာနိုင်ငံနေရာအနှံ့အပြားမှာရှိနေပြီး မတော်တဆ အများစုက လူသေဆုံးမှုမရှိဘဲ ယာဉ်များသာထိခိုက်မှုများကြောင်း စစ်တမ်းများအရလေ့လာတွေ့ရှိရပါတယ်။