ယနေ့ခေတ်မှာ Social Media ဟာ လူတွေရဲ့ နေ့စဥ်ဘဝမှာ တကယ် အရေးပါတဲ့ ကဏ္ဍတစ်ခုအဖြစ်ရှိနေပါတယ်။Social Media Application တစ်ခုဖြစ်တဲ့ Facebook ကိုဆိုရင် နေ့စဥ် တစ်ကမ္ဘာလုံးမှာရှိတဲ့ လူ သန်း(၂၀၀၀) ခန့် သုံးနေကြပါတယ်။
ထိုသို့အသုံးပြုနေကြရာမှ ယမန်နေ့ အောက်တိုဘာ(၄)ရက်နေ့ မြန်မာစံတော်ချိန် ည(၁၀း၁၅)နာရီ ခန့်ကစပြီး တစ်ကမ္ဘာလုံး အတိုင်းအတာနှင့် Facebook,Messenger,WhatsApp,Instagram အစရှိတဲ့ Social Media တွေဟာ ရပ်တန့်သွားပါတယ်။ရပ်တန့်မှု ကြာချိန်ဟာ (၇)နာရီခန့်ကြာခဲ့ပါတယ်။
Facebook Team ကတော့ ဒါဟာ Network ပြဿနာလို့ ဆိုပါတယ်။Facebook ဟာအခု အခုလို (၇) နာရီခန့် ပြတ်တောက်သွားခဲ့တဲ့အတွက် ဒီမနက် Wall Street စတော့အိတ်ချိန်းမှာ ဒေါ်လာ (၇) ဘီလီယံ အထိရှယ်ယာစျေးနှုန်းကျသွားခဲ့ပါတယ်လို့ နိုင်ငံတကာ သတင်းတွေမှာဖော်ပြနေပါတယ်။ဒါ့အပြင် ယခု ပြည်ပသတင်းတွေမှာ ကြားဖြတ်သတင်း ( Breaking News ) အနေနဲ့ Facebook Founder ဖြစ်တဲ့ Mark Zuckerberg က ညက ပြတ်တောက်မှုအတွက် တောင်းပန်နေပါတယ်လို့လည်း သိရပါတယ်။