နောက်ဆုံးအစာအဖြစ် ရေဘဝဲအရှင်တစ်ကောင်ကို စားသုံးခဲ့တဲ့ လင်းပိုင်

//s9.kh1.co/11/11e6ddb0ed4a7deadad86782eaf796b0368dc476.jpg
ဗဟုသုတအဖြာဖြာ

 ၀၃-အောက်-၂၀၂၁ ၁၀am · လွန်ခဲ့သော ၃ နှစ် က

.

လင်းပိုင်လေးတစ်ကောင်ဟာ ရေဘဝဲအကြီးအစားကို ကိုက်မျိုမိရာကနေ သေဆုံးခဲ့တာ ဖြစ်ပါတယ်။ ဖြစ်ပွားပုံကတော့ အင်ဒိုပစိဖိတ် မျိုးနွယ်ဝင် လင်းပိုင်လေးဟာ ရေဘဝဲအကြီးအစားကို မျိုချဖို့ကြိုးစားပေမယ့် ပါးစပ်ထဲရောက်သွားချိန်မှာတော့ ရေဘဝဲကအတင်းစုပ်ကပ်ထားတာကြောင့် သေဆုံးခဲ့ရတာလို့ ဩစတေးလျ တိရစ္ဆာန်ထိမ်းသိမ်းစောင့်ရှောက်ရေး တက္ကသိုလ်က ပြောခဲ့တာဖြစ်ပါတယ်။

https://s9.kh1.co/__image/w=600,h=360,q=100/99/99fdb213cceb2f1bce2f2120dd4497ae3b1a8b35.jpg
https://s9.kh1.co/__image/w=600,h=337,q=100/47/47f7a986690f6d7abf82a0029b514907accd4f81.jpg

ရေဘဝဲနှင့် လင်းပိုင်တို့ဟာ အချင်းချင်းတိုက်ခိုက်ခဲ့ပုံရပြီး ရေဘဝဲကို မသေခင် မြိုချလိုက်ကာ လင်းပိုင်လေးကို သေဆုံးသွားခဲ့စေတာပါလို့ ထိန်းသိမ်းရေးအရာရှိ Nahiid Stephens က ပြောကြားခဲ့တာဖြစ်ပါတယ်။ အဆိုပါ လင်းပိုင်ငယ်ဟာ လူတွေနဲ့ အထူးယဉ်ပါးနေပြီး မျိုးပွားနိုင်တဲ့ အရွယ်ကိုလည်း သိပ်မကြာခင် ရောက်လာတော့မယ့်အခြေအနေမှာ သေဆုံးခဲ့တာဖြစ်ပါတယ်။ သာမန်ဆိုရင်တော့ လင်းပိုင်တွေက ရေဘဝဲကို စားတာ သဘာဝပါပဲ။ ဒါပေမယ့် ဒီလင်းပိုင်ငယ်ရွေးပြီး အမဲလိုက်လိုက်တဲ့ ရေဘဝဲဟာ ကြီးမားပြီး သန်မာပျော့ပြောင်းတဲ့ လက်ချောင်းတွေ ရရှိထားပါတယ်။

https://s9.kh1.co/__image/w=600,h=321,q=100/87/8770f6e6a96020c79b392755c45f6d5a10e57c0b.jpg
https://s9.kh1.co/__image/w=600,h=338,q=100/97/974778a474fd8a023a13c212cdea42bed395989f.jpg

လက်ချောင်းတွေ ဆန့်လိုက်တဲ့ အခြေအနေမှာတောင် ရေဘဝဲဟာ 4 ပေကျော်ရှိပြီး ကြီးမားတဲ့ စုပ်ခွက်တွေ လက်မှာပါရှိပါတယ်။ ဒီလိုလက်ချောင်းတွေဟာ လင်းပိုင်ရဲ့ ပါးစပ်ထဲ ကပ်နေပြီးတော့ သူ့ရဲ့ အသက်ရှုလမ်းကြောင်းတွေကို လက်ချောင်းတွေနဲ့ ပိတ်ပစ်လိုက်တာဖြစ်ပါတယ်။ တချို့လက်ချောင်းတွေဆို လင်းပိုင်ရဲ့ လည်မျိုအထိရောက်ရှိနေသလို အဆိုပါ ရေဘဝဲကလည်း ကိုက်ခံထားရတဲ့ ဒဏ်နဲ့ သေလုမြောပါးဖြစ်ချိန်အထိ လင်းပိုင်ရဲ့ အသက်ကိုပါ နှုတ်ယူသွားတာဖြစ်ပါတယ်။

https://s9.kh1.co/__image/w=600,h=411,q=100/cd/cd96d26c9e3d0081928d67ceea6ad50f623c43db.jpg
https://s9.kh1.co/__image/w=600,h=400,q=100/14/1493cbafb9772e53310345df0947311e08d14a0f.jpg

ရေဘဝဲဟာ လင်းပိုင်ပါးစပ်ထဲရောက်မှ အဆိပ်တွေ နောက်ဆုံးအကြိမ်မှုတ်ထုတ်ခဲ့တာဖြစ်ပြီး လင်းပိုင်းလည်း အသက်ရှု ကြပ်ကာ အဆိပ့်သင့်ပြီး သေဆုံးခဲ့တာဖြစ်ပါတယ်။ ဒီရေဘဝဲဟာ 4.6 ပေါင်ရှိပါတယ်။ တကယ်တော့ ဒီနှစ်ကောင်လုံးဟာ ထိန်းသိမ်းစောင့်ရှောက်ခံတွေဖြစ်နေတဲ့အတွက် သူတို့ဟာ ဆုံးရှုံးမှုပမာဏကို တွက်ချက်ကြည့်ရင် ငွေတော်တော်များများဆုံးရှုံးတာထက်ပိုတယ်လို့ ဆိုပါတယ်။

https://s9.kh1.co/__image/w=600,h=399,q=100/fd/fdd64007bd23029c884319da32ea8d36a936f8ee.jpg

သတင်း အရင်းအမြစ်Cantwait2say

Tun Lin Aung
Aung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T