ပုတ်နေတဲ့ခြေမကို ဖြတ်ထုတ်ရတော့မှာမို့ ကလေးတစ်ယောက်လို ငိုနေတဲ့ အဘကို ဖေးမနှစ်သိမ့်ရင်း ဆေးဖိုးဝါးခလှူဒါန်းခဲ့တဲ့ နယ်လှည့်ဆရာဝန်လေး

//s9.kh1.co/b2/b225ea37a9748f710cc6b3cbf361cd4f50d271af.jpeg
နေ့စဉ်သတင်းများ

 ၃၀-စက်-၂၀၂၁ ၄pm · လွန်ခဲ့သော ၂ နှစ် က

..

ပရဟိတအလုပ်တွေနဲ့ အများပြည်သူအကျိုးပြုနေကြတဲ့ စေတနာရှင်တွေထဲမှာ နယ်လှည့်ဆေးကုသပေးနေတဲ့ နှလုံးလှဆရာဝန်တွေကလည်း ထိပ်ဆုံးကပါဝင်နေတာ ဖြစ်ပါတယ်။ တောင်ပေါ်ဒေသနဲ့ ဆင်းရဲနွမ်းပါးပြည်သူတွေအတွက် အခမဲ့ဆေးကုသပေးနေတဲ့အပြင် လိုအပ်တာတွေ ကူညီထောက်ပံ့ကာ လှူဒါန်းမှုတွေလည်း ပြုလုပ်နေတာ ဖြစ်ပါတယ်။ 

Photo Credit - Min Ko's Fb Acc
Photo Credit - Min Ko's Fb Acc

အနုပညာရှင် တေးရေးတစ်ယောက်ဖြစ်သလို နယ်လှည့်ဆေးကုသပေးတဲ့ ပရဟိတဆရာဝန်လည်း ဖြစ်တဲ့ ပရဟိတဆရာဝန်လေးကတော့ အကူအညီလိုအပ်နေတဲ့ ပြည်သူတစ်ဦးအတွက် တတ်နိုင်သလောက် ကူညီခဲ့ပြန်ပါတယ်။ ဆီးချိုကြောင့် ပုတ်နေတဲ့ခြေမကြီးကို ဖြတ်ထုတ်ရတော့မှာမို့ ကလေးတစ်ယောက်လို ငိုနေတဲ့ အဘကို ဖေးမနှစ်သိမ့်ရင်း ဆေးဖိုးဝါးခလှူဒါန်းခဲ့တာ တွေ့ရပါတယ်။ 

Photo Credit - Min Ko's Fb Acc
Photo Credit - Min Ko's Fb Acc

စေတနာရှင်ပြည်သူတစ်ဦးရဲ့ ကိုယ်စား ကိုယ်တိုင်သွားရောက် လှူဒါန်းခဲ့တာဖြစ်ပြီး နှစ်သိမ့်ကာ အားပေးစကားတွေ ပြောပေးခဲ့တာ ဖြစ်ပါတယ်။ ဆီးချိုရှိတဲ့ဝေဒနာရှင်တွေကိုလည်း ပွန်းပဲ့ရှနာဖြစ်ရင် မပေါ့ဆကြဖို့နဲ့ သေချာဂရုစိုက်ကြဖို့ တိုက်တွန်းပြောပြထားပါသေးတယ်။ 

Photo Credit - Min Ko's Fb Acc
Photo Credit - Min Ko's Fb Acc

သတင်း အရင်းအမြစ်Min Ko's Fb Acc


Kyi Kyi Nyein
Nyein

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T