ဆီဆိုင်တချို့ ခေတ္တရပ်နားတော့မယ်ဆိုတဲ့ သတင်းများကြောင့် အလုအယက် တန်းစီးပြီး ဆီလာဖြည့်နေရတဲ့ တောင်ငူမြို့က ပြည်သူတွေရဲ့အဖြစ်

//s9.kh1.co/18/18adbb994059b78f5b1a64ef1ed2ede2b5e705af.jpg
နေ့စဉ်သတင်းများ

 ၃၀-စက်-၂၀၂၁ ၁၁am · လွန်ခဲ့သော ၃ နှစ် က

.

မြန်မာနိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ နိုင်ငံရေးအခြေအနေတွေကြောင့် လတ်တလောမှာ ရွှေစျေး၊ လောင်စာဆီစျေးနဲ့ ဒေါ်လာစျေးတွေကလည်း တစ်ရက်နှင့်တစ်ရက် စံချိန်တင်လောက်အောင် သိသိသာသာ ထိုးတက်လာခဲ့ပါတယ်။ ဒီလို အဆမတန်တက်လာကြောင့် ဝယ်လိုအားတွေကျဆင်းလာပြီး တချို့ဆိုင်တွေ ခေတ္တရပ်နားလာကြသလို ပြည်သူတွေအတွက်လည်း ပိုမိုအခက်တွေ့လာခဲ့ပါတယ်။

Photo Credit - Original Upload
Photo Credit - Original Upload
Photo Credit - Original Upload
Photo Credit - Original Upload

စတင်ဘာလ (၂၉)ရက်နေ့ကလည်း တောင်ငူမြို့မှာ လောင်စာဆီစျေးတွေတက်လာလို့ ဆိုင်တွေပိတ်တော့မယ်ဆိုတဲ့ သတင်းများကြောင့် ညအချိန်အထိ ဆီဖြည့်သူတွေ တန်းစီနေရတဲ့ ပုံရိပ်တချို့ လူမှုကွန်ယက်ပေါ်မှာ ပျံ့နှံ့လာတာ တွေ့ရပါတယ်။ ရုပ်ပုံတွေမှာတော့ ဆီစျေးနှုန်းတွေ အဆမတန်တက်နေပေမယ့် ဓာတ်ဆီလာဖြည့်တင်းတဲ့ သူတွေကတော့ ကြိတ်ကြိတ်တိုး တန်းစီနေရတဲ့အထိ များပြားခဲ့တာ ဖြစ်ပါတယ်။

Photo Credit - Original Upload
Photo Credit - Original Upload
Photo Credit - Original Upload
Photo Credit - Original Upload

ယမန်နေ့ကထိ တောင်ငူမြို့က လောင်စာဆီစျေးနှုန်းဟာ (92) တစ်လီတာ (၁၅၀၀) ခန့်ရှိပြီး (95) တစ်လီတာ (၁၈၀၀) နဲ့ (၂၀၀၀)အထိ စျေးပေါက်ခဲ့တယ်လို့ သိရပါတယ်။ ထို့နည်းအတူ အခြားမြို့တွေမှာလည်း လောင်စာဆီဆိုင်တွေ ခေတ္တပိတ်တော့မယ်ဆိုတဲ့ သတင်းများကြောင့် ဆီဆိုင်ကြီးတွေမှာ သူ့ထက်ငါ အလုအယက် ဝယ်ယူဖြည့်တင်းနေကြတာ တွေ့မြင်ရပါတယ်။

Photo Credit - Original Upload
Photo Credit - Original Upload

သတင်း အရင်းအမြစ်Source - Original Upload

Thant Zin Aung
Thant Zin

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T